MFP ၊ ဒီဇင်ဘာ - ၂၇
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၅လမ်းနှင့် ၃၄လမ်းရှိ မန္တလေးခရိုင် တရားရုံး ဒုတိယထပ်တွင် ယနေ့ မနက်ပိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆောက်အဦး အတွင်းပိုင်းနှင့် လေကာမှန်များ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း စစ်ကောင်စီ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများက MFP သို့ ပြောသည်။
ယနေ့ ဒီဇင်ဘာ(၂၇)ရက် မနက်(၁၀)နာရီကျော်အချိန်က ချမ်းအေးသာစံမြို့နယ် ၆၅လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြားရှိ မန္တလေးခရိုင်တရားရုံး ဒုတိယထပ်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး လူထူထိခိုက်မှု အခြေအနေ အသေးစိတ်ကိုမူ မသိရသေးဘဲ စစ်ဆေးနေဆဲ ဖြစ်သည်ဟု ဆိုသည်။
“ပေါက်ကွဲတာ တော်တော်ပြင်းတယ်။ အိမ်တောင်တုန်တယ်” ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။
စစ်ကောင်စီက မန္တလေးမြို့ပေါ်ရှိ ၄င်းတို့ကို ဆန့်ကျင်သူများကို နည်းမျိုးစုံသုံးကာ အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး၊ သတ်ဖြတ် နေသော်လည်း မန္တလေးမြို့ပေါ်ရှိ စစ်ကောင်စီနှင့် ဆက်စပ်သူများ၊ စစ်ကောင်စီ လက်အောက်ခံ ရုံး၊ အဆောက်အဦးများ မကြာခဏ တိုက်ခိုက်ခံနေရသည်။
Mandalay Free Press - MFP
မန္တလေးခရိုင် တရားရုံးအတွင်း ယနေ့ ဒီဇင်ဘာ(၂၇)ရက် မနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် အဆောက်အဦး အတွင်းပိုင်းနှင့် မှန်များ ထိခိုက်ပျက်စီး / Photo – CJ
No comments:
Post a Comment