မင်းကင်းတောင်တွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်မှု့ကြောင့် စကစတပ်ဖွဲ့ ၃၀ ခန့်သေဆုံး



ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၊ကလေးဝ၊ယာကြီးလမ်းမှာ တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အကြမ်းဖက်စကစတွေကို မိုင်းခွဲတိုက်ခိုက်ခြင်းနဲ့ လက်နက်နဲ့ကြီးပစ်ခတ်မှုတွေကြောင့် စကစတပ်သား ၃၀ ၀န်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

မုံရွာ၊ ယာကြီး၊ကလေးဝ ကားလမ်းမိုင်တိုင် ၇၅ မှာ  ဒီဇင်ဘာ ၁၀ ရက်ဒီကနေ့ ၁၁ နာရီ၀န်းကျင်က ကလေးဝမြို့ကနေလာတဲ့ စကစ ကားကို မိုင်းဆွဲတိုက်ခိုက်ကာ လက်နက်ကြီး လက်နက်ငယ်တွေ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကားပေါ်ပါလာတဲ့စကစတပ်သား(၃၀)၀န်းကျင် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရပါတယ်။

" မိုင်တိုင် ၇၅ မှာဖြစ်တာပါ ကလေးဝကနေလာတဲ့ စစ်ကောင်စီကားကို ဒီနေ့ ၁၁ နာရီလောက်က မိုင်းနဲ့အရင်တိုက်ခိုက်တယ်နောက် လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ထပ်ပစ်တယ် ၃၀ လောက်တော့သေမယ်ဗျ"လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မျက်မှောက်ခေတ်ကို ပြောပါတယ်။
 
တောင်တွင်းဒေသမှာ ဒီဇင်ဘာ ၉ ရက်နေ့ကလည်း တိုက်ခိုက်မှု့တွေရှိခဲ့တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာရှောင်တိမ်းနေထိုင်ကြဖို့ တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတိ ပေးထားပါတယ်။


မျက်မှောက်ခေတ် 
မင်းကင်းတောင်တွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်မှု့ကြောင့် စကစတပ်ဖွဲ့ ၃၀ ခန့်သေဆုံး မင်းကင်းတောင်တွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်မှု့ကြောင့် စကစတပ်ဖွဲ့ ၃၀ ခန့်သေဆုံး Reviewed by THITHTOOLWIN on 00:04 Rating: 5

No comments:

Powered by Blogger.