အင်းစိန်ရွာမရဲစခန်း ဗုံးသီးဖြင့်တိုက်ခိုက်ခံရပြီး ရဲအချို့ ထိခိုက်မှုရှိနိုင်

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ ရွာမရဲစခန်းအား ယနေ့ ဒီဇင်ဘာ ၂၉ ရက် နံနက်အစောပိုင်းတွင် ၄၀(မမ) ဗုံးသီးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Yangon Fedreal Army - YFA က သတင်း ထုတ်ပြန်သည်။

ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းပေါ်ရှိ ရွာမရဲစခန်းအား YFA အဖွဲ့နှင့် CGF HTY အဖွဲ့တို့ပူးပေါင်း၍ M 79 40 mm ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗုံးသီး နှစ်လုံးပစ်ခတ်ရန် စီစဥ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တစ်လုံးသာ ပစ်ခတ်ခဲ့ပြီး စခန်းအတွင်းရှိ ရဲအချို့ အထိအခိုက်များ နိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ ပျံလွှားအောင်စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း YFA က အသိထုတ်ပြန်ခဲ့သည်။

လက်ရှိ အင်းစိန််မြို့နယ် ရွာမရဲစခန်းအနီး စစ်ကောင်စီလက်နက်ကိုင် အများအပြား ရောက်ရှိနေကာ လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံအချို့က ဆိုသည်။

အသေးစိတ်သိရှိနိုင်ရန် YFA သို့ လူငယ့်ခေတ်မှ ဆက်သွယ်မေးမြန်းသော်လည်း ယခုအချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးပါ။ 

လူငယ့်ခေတ် / Lu Nge Khit

အင်းစိန်ရွာမရဲစခန်း ဗုံးသီးဖြင့်တိုက်ခိုက်ခံရပြီး ရဲအချို့ ထိခိုက်မှုရှိနိုင် အင်းစိန်ရွာမရဲစခန်း ဗုံးသီးဖြင့်တိုက်ခိုက်ခံရပြီး ရဲအချို့ ထိခိုက်မှုရှိနိုင် Reviewed by THITHTOOLWIN on 16:46 Rating: 5

No comments:

Powered by Blogger.