ဒီကနေ့(ဒီဇင်ဘာလ ၂၉)ရက်နေ့ မနက် ၃နာရီမှာ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)၊ JPDF၊ GZ-21 ညီနောင် ၃ဖွဲ့မှ ပူးပေါင်းပြီး ဒေါဥခူရပ်ကွက်ရှိ လွိုင်ကော်အကျဉ်းဦးစီးဌာနအနီး ခရိုင်ရဲရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
KDF တာဝန်ရှိသူတစ်ဦးက “ဒီနေ့မနက်တိုက်ပွဲက သူတို့ဖက် နှစ်ယောက်ကျတယ်ဗျ ကျနော်တို့ဖက်ကတော့ ကျနော်တို့ဖက်ကတော့ အထိခိုက်မရှိဘူး ပြန်လည်ဆုတ်ခွာနိုင်တယ်။ JPDF Ranger ရယ် GZ-21 ရယ် ကျနော်တို့KDFရယ် ညီနောင် ၃ဖွဲ့ကနေပြီး ဝင်တိုက်တာပေါ့။ လွိုင်ကော် အကျဉ်းဦးစီးနားမှာရှိတဲ့ ခရိုင်ရဲရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ။”လို့ ပြောပါတယ်။
အဆိုပါဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့သလို အများအပြားဒဏ်ရာရရှိခဲ့ပြီး ညီနောင် ၃ဖွဲ့က အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကန္တာရဝတီတိုင်း(မ်) / Kantarawaddy Times
No comments:
Post a Comment