ဒေါက်တာအောင်မိုးညိုကို တရားစွဲဆိုသူရဲ့စားသောက်ဆိုင် ဗုံးဖောက်ခွဲခံရ


မကွေး၊ ဒီဇင်ဘာ ၁၁၊ ၂၀၂၁။

မကွေးတိုင်း၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို တရားစွဲဆိုခဲ့သူရဲ့ စားသောက်ဆိုင်ကို ဒီနေ့ညနေ ၃နာရီလောက်မှာ ဗုံးဖောက်ခွဲသတိပေးခဲ့တယ်လို့  MDA-နဂါးတပ်ဖွဲ့ဆီကသိရပါတယ်။ 

မကွေးမြို့၊ ဈေးလယ်စိုးရပ်ကွက်၊ ကမ်းနားလမ်းရှိ Heart Cafe စားသောက်ဆိုင်က ကိုအောင်မင်းခန့်ဖြစ်ပြီး စစ်ကောင်စီကို သတင်းပေးတိုင်ကြားတာတွေအပြင် စစ်တပ်နဲ့ပက်သက်ဆက်နွယ်တဲ့ လုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေတာကြောင့် ခုလိုသတိပေးခဲ့တာဖြစ်တယ်လို့  MDA-နဂါးတပ်ဖွဲ့ရဲ့တာဝန်ခံ ဆရာနှင်းမောင်ကပြောပါတယ်။

“၃နာရီလောက်က ဗုံးပစ်ပြီး ဖောက်ခွဲခဲ့တာပါ၊သေဆုံးမှူရှိတယ်တော့ မကြားမိဘူး၊ သူ့ဆိုင်က စစ်သားတွေကင်းချထားတဲ့ နေရာနဲ့က ပေ ၂၀၀ လောက်ဘဲ ဝေးတာ၊” လို့ သူကဆက်ပြောပါတယ်။ 

ဒီသတိပေးဖောက်ခွဲမှုကို MDA-နဂါးတပ်ဖွဲ့နဲ့ ဗိဿနိုး PDF တို့ကပူးပေါင်းလုပ်‌ဆောင်ခဲ့တာဖြစ်ပြီး မကွေးတိုင်းအတွင်းမှာကျန်ရှိနေတဲ့ စစ်ကောင်စီလက်အောက်ခံဆောက်လုပ်ရေးကုမ္မဏီတွေနဲ့ လုပ်ငန်းရှင်တွေကိုလည်း  ပြည်သူ့ဘက်ကို မရပ်တည်ရင် ဆက်လက်ပြီး တိုက်ခိုက်မှုတွေလုပ်ဆောင်သွားမှာဖြစ်တယ်လို့ MDA-နဂါးတပ်ဖွဲ့က သတိပေး ထုတ်ပြန်ထားပါတယ်။ 

မြေလတ်အသံ - Myaelatt Athan 



ဒေါက်တာအောင်မိုးညိုကို တရားစွဲဆိုသူရဲ့စားသောက်ဆိုင် ဗုံးဖောက်ခွဲခံရ ဒေါက်တာအောင်မိုးညိုကို တရားစွဲဆိုသူရဲ့စားသောက်ဆိုင် ဗုံးဖောက်ခွဲခံရ Reviewed by THITHTOOLWIN on 20:55 Rating: 5

No comments:

Powered by Blogger.