သဗျာရွာ ဖက်ဆစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

ပုံစာ - ပျူစောထီးအဖွဲ့ဝင် ဦးအပ်ပီ ဖြစ်ပါသည်။

သောကြာပြင်ရွာ ဘုန်းကြီးကျောင်းတွင် ကိုတော်တစ်ပါးနှင့် မိန်းမဖြစ်သူ ကို ဖက်ဆစ်တပ်က ဖမ်းဆီး 

ထားဝယ် ၊ဒီဇင်ဘာလ ၂၈ ရက်

လောင်းလုံးမြို့နယ်၊သဗျာရွာ ဖက်ဆစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့က ရှင်းလင်းသုတ်သင်ခဲ့သည်။

ဒီဇင်ဘာ(၂၅)ရက်၊ည(၈)နာရီခန့် ပျူစောထီး ဦးအပ်ပီ ဆိုသူ အရက်ထိုင်သောက်နေစဥ် သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

"ခရစ္စမတ်နေ့ဆိုတော့ သူတပည့်နေအိမ်မှာအရက်ထိုင်သောက်နေစဥ် ပစ်ခံရတယ်။သေနတ်ကျည် နှစ်ချက်ရင်ဖက်ထိမှန်၍ သေဆုံးသွားတယ်"ဟု၎င်းကပြောသည်။

ထို သေနတ်ပစ်ခံရသူ ပျူစောထီး ဦးအပ်ပီ ဆိုသူသည် ကျေးရွာအတွင်း ဆိုးသွင်းသူတစ်ဦးဖြစ်ကာ ဖက်ဆစ်တပ်က ကျေးရွာအတွင်းသို့ ဝင်ရောက်လာအချိန် နေအိမ်များကို လမ်းပြပေးသူတစ်ဦးဖြစ်ကြောင်း ၎င်းကပြောပြသည်။ 

ယင်းနောက် ဒီဇင်ဘာ(၂၆)ရက်၊ညတွင် သောကြာပြင်ရွာကံသာကျောင်းမှာ ကိုတော် နိုင်လွင်မင်း နှင့် မိန်းမဖြစ်သူတို့ကို ဖက်ဆစ်တပ်က လာရောက်ဖမ်းဆီးသွားကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

လက်ရှိတွင် ကိုယ်တော် နိုင်လွင်မင်း တို့လင်မယားကို လက်နက်ကိုင် အဖွဲ့စည်းနှင့်ချိတ်ဆက်ရှိသည်ဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ရှင်းပြသည်။ 

အဆိုပါ ပျူစောထီးအဖွဲ့ဝင် ဦးအပ်ပီ ကို ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်အဖွဲ့ မှ ရှင်းလင်းသုတ်သင်ခဲ့၍ ကျေးရွာနေပြည်သူများနှင့် လုံးဝ(လုံးဝ)မသက်ဆိုင်ကြောင်း ထုတ်ပြန်ထားပါသည်။ 

Dawei Information Center 

သဗျာရွာ ဖက်ဆစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး သဗျာရွာ ဖက်ဆစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 16:56 Rating: 5

No comments:

Powered by Blogger.