ဆင်ခြေရာရွာအနီး ရွှေလှံရွာထဲက နေအိမ် ၁၀လုံးလည်း မီးရှို့ခံရ
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ဆင်ခြေရာရွာအနီးမှာ ဒီကနေ့ဒီဇင်ဘာ ၁၁ရက်မနက်ပိုင်းက စစ်ကောင်စီနဲ့ဒေသကာကွယ်ရေး တပ်တွေကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။
ဆင်ခြေရာကျေးရွာမှာ မနေ့ညပိုင်းကစလို့ စစ်ကောင်စီတပ်တွေ တပ်စွဲတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ ရွာအနီးတိုက်ပွဲတွေစဖြစ်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။
ဒီတိုက်ပွဲအပြီးမှာ ဆင်ခြေရာရွာအနီးက ရွှေလှံရွာအတွင်းက နေအိမ် ၁၀ လုံးထက်မနည်းမီးရှို့ခံရပြီး ရွာနီးစပ်ချုပ်က ကျေးရွာပေါင်း ၁၀ ရွာဝန်းကျင်လောက်က ဒေသခံ ၅၀၀၀ လောက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ပစ်ခတ်လို့ ဒေသကာကွယ်ရေးတပ်ဘက်က ၃ ဦးသေဆုံးပြီး ရွှေလှံ ကျေးရွာအတွင်းကနေအိမ်တွေကိုလည်း စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်နဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
“ဆင်ခြေရာရွာဘက်က တက်လာတော့ ကျွန်တော်တို့ထိပ်တိုက်တွေ့တာ အင်အားမမျှတော့နောက်ဆုတ် ပေးလိုက်ရတယ်။ နောက်ဆုတ်ရင်း စနိုက်ပါထိတာတွေရော၊ လက်နက်ကြီးထိတာတွေရောဒဏ်ရာရတာ ၂ ယောက်ရတယ်၊ ၃ယောက်ကျတယ် “ လို့ အထက်ပါပုဂ္ဂိုလ်က ဘီဘီစီကိုပြောပါတယ်။
ရေစကြိုဆင်ခြေရာကျေးရွာအနီး နှစ်ဖက်ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ ဘီဘီစိကို ဒေသခံတွေ ဆက်သွယ် ပေးပို့လာတဲ့ဓါတ်ပုံမှတ်တမ်းတွေအရ သေဆုံးသူ ၃ ဦးထက် မနည်းရှိနေတာကို လည်းတွေ့ခဲ့ရပါတယ်။
BBC Burmese
ရေစကြို ဆင်ခြေရာရွာအနီး ပစ်ခတ်မှုတွေဖြစ် အနည်းဆုံး ၃ ဦးသေဆုံးတယ်လို့ဒေသခံတွေပြေ
Reviewed by THITHTOOLWIN
on
20:31
Rating:
No comments:
Post a Comment