ဒီပဲယင်းမြို့နယ်တွင်း တိုက်ပွဲတွင်ကျဆုံးခဲ့ရသော ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို ဂုဏ်ပြုကြောင်းစာထုတ်ပြန်


ဒီဇင်ဘာ ၂

ဒီပဲယင်းမြို့နယ် အတွင်းတိုက်ပွဲတွင်ကျဆုံးခဲ့ရသော ပြည်သူ့ကာကွယ်ရေးရဲဘော်များကို ဂုဏ်ပြုကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ၂ရက်နေ့မှာ စာထုတ်ပြန်လာပါသည်။

လွန်ခဲ့တဲ့ ၇ လပိုင်း၊ ၂ ရက်နေ့ တွင် ဒီပဲယင်းမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းတပ်များဟာ ဆပ်ပြာကျင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်သောကြောင့်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖက်မှ ရဲဘော်များ၊ အရပ်သားများနှင့် ဒဏ်ရာရသူများကို ကယ်ဆယ်ရန်ကြိုးစားသော လူမှုကူညီရေးပရဟိတသမားများအပါအဝင် (၃၂) ဦးခန့် ကျဆုံးခဲ့ရကြောင်း ဒီပဲယင်း PDF ကဆက်လက် ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲတွင် ဒီပဲယင်း PDF တပ်ဖွဲ့မှ ရဲဘော် ၈ဦးကျဆုံးပြီး စစ်အာဏာရှင်နှင့် လက်ပါးစေစစ်ကျွန်သဘောက်များ ဤမြေပေါ်တွင် ခြေတစ်လှမ်းမှချ၍ မရတော့သည်အထိ အပြီးအပိုင် ချေမှုန်းကြမည်ဟု သင်တို့၏ အမည်နာမများကို တိုင်တည်၍ သစ္စာအဓိဌာန်ပြုသည်ဟူ၍ ထုတ်ပြန်ထားပါသည်။


Zayartime Media-ဇေယျာတိုင်း မီဒီယာ

ဒီပဲယင်းမြို့နယ်တွင်း တိုက်ပွဲတွင်ကျဆုံးခဲ့ရသော ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို ဂုဏ်ပြုကြောင်းစာထုတ်ပြန် ဒီပဲယင်းမြို့နယ်တွင်း တိုက်ပွဲတွင်ကျဆုံးခဲ့ရသော ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို ဂုဏ်ပြုကြောင်းစာထုတ်ပြန် Reviewed by THITHTOOLWIN on 22:58 Rating: 5

No comments:

Powered by Blogger.