MFP ၊ ဒီဇင်ဘာ - ၃၁
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပုလဲ - ဂန့်ဂေါလမ်းပိုင်းတွင် ဖြတ်သန်းသည့် စစ်ကားအစီး (၄၀) ကျော်ပါ စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲခံရပြီး တစ်စီး ပျက်စီးသွားကြောင်း သတင်းရရှိသည်။
ယနေ့ ဒီဇင်ဘာ (၃၁) ရက် မနက် (၁၀) နာရီခွဲအချိန်၌ စကစယာဥ်တန်းအား ပဒေသာမိုင်းခြောက်လုံးဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု Pale Jokers တပ်ဖွဲ့က ဆိုသည်။
" ပုလဲ - ဂန့်ဂေါလမ်းပိုင်း မင်းတိုင်ပင်ကျေးရွာနဲ့ကန်ဒေါင့်ကျေးရွာကြားမှာ စစ်ကားအစီး (၄၀) ကျော်ကို ပဒေသာမိုင်းခြောက်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ မိုင်းထိမှန်၍ ကားတစ်စီးပျက်စီးသွားခဲ့ပါတယ် " ဟု Pale Jokers တပ်ဖွဲ့ဦးဆောင်သူ ဗိုလ်ပုလဲက ဆိုသည်။
အဆိုပါ မိုင်းထိမှန်သော ယာဉ်တန်းသည် ခိုင်ငြိမ်းစံ ဆီဆိုင်နားတွင် ရပ်နားခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာ (၃၀) ရက်နေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပုလဲ - ဂန့်ဂေါ လမ်းပိုင်း နဂါးမတောင်ရွာအနီးတွင် အဆိုပါ စကစယာဉ်တန်းသည် အမည်မသိ အလောင်းတစ်လောင်းအား ဖြစ်သလို မီးရှို့စွန့်ပစ်သွားခဲ့သည်ဟု Pale Jokers အဖွဲ့က ထုတ်ပြန်ထားသည်။
Mandalay Free Press - MFP
No comments:
Post a Comment