နတ်တလင်း၊ ဒီဇင်ဘာ ၂၅၊ ၂၀၂၁။
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့ မြို့မရဲစခန်းမှာ ဒီဇင်ဘာ ၂၅ ရက် ဒီနေ့ည ၇နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“အသံကတော့ ကြားလိုက်တယ်၊ အကျယ်ကြီးပဲ၊ တချက်တည်းရယ် ရဲစခန်းဝန်းထဲကကြားလိုက်တာ၊ ဗုံးပေါက်သံနဲ့တူတယ်၊ ရဲစခန်းဝန်းထဲကို လူနာတင်ကားတွေ ဝင်တာထွက်တာတော့ မမြင်ရသေးဘူး၊ “ လို့ နတ်တလင်းမြို့ခံတဦးကပြောပါတယ်။
ဒီဖောက်ခွဲမှုကို နတ်စစ်သည်ပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရဲတဦးရဲ့ ကျောဘက်ကို ဒဏ်ရာအနည်းငယ်ရသွားတယ်လို့ အဲ့ဒီတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
နတ်စစ်သည်အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ အဲ့ဒီစခန်းမှာရှိတဲ့ ရဲတပ်သားတွေအနေနဲ့ ရှေ့ဆက်ပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ မလုပ်ဖို့အတွက် ဗုံးတလုံးနဲ့ သတိပေးဖောက်ခွဲလိုက်တာလို့လည်း ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာပဲ နတ်တလင်းမြို့ပေါ်ရပ်ကွက်တွေကို လက်နက်တွေရှိရင် လာအပ်ကြဖို့ စစ်ကောင်စီက လိုက်ပြီး သတိပေးနေတယ်လို့လည်း ဒေသခံတွေဆီကသိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment