စစ်ကောင်စီတပ်သားကို ခတ်ခဲ့သည့် ပြည်သူ့ကျွဲမလေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဘေးမဲ့ပေးမည်ဟုသိရ


ဇေယျာတိုင်း၊ ဒီဇင်ဘာ ၁၁

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က ကျွန်းလှနှင့် ကောလင်းအစပ် ညောင်ပင်ရိုးရွာမှာ စစ်ကောင်စီတပ်သားတစ်ဦးကို ဒဏ်ရာအပြင်းအထန်ရအောင် ခတ်ခဲ့တဲ့ ကျွဲမကြီးကို ဘေးမဲ့ ပေးမယ်လို့ဒေသခံ ရွာသားများရဲ့ပြောကြားချက်အရသိရသည်။

စစ်ကောင်စီ စစ်ကြောင်းဟာ ကောလင်းမြို့နယ် နဲ့ ကျွန်းလှမြို့နယ်အစပ် ညောင်ပင်ရိုးကျေးရွာမှ ပျဉ်ပင်ရွာသို့အကူး ရွာစွန် တာဝါတိုင်အနီးကျွဲခြံမှ လူတစ်ဦးကို လမ်းပြရန် စစ်ကောင်စီတပ်သားတချို့ဝင်ရောက်ခေါ်ဆောင်ချိန်မှာ မျက်စိတစ်ဘက်မမြင်ရလို့ လွှတ်ထားတဲ့ ကျွဲမကြီးက ဝင်ခတ်ရာ စစ်သားတစ်ဦး ဗိုက်ပွင့် ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"မတော်တဆဆိုပေမဲ့ ရွာမှာတော့ ကျွဲကို ပြည်သူ့ကျွဲဆိုပြီး ဂုဏ်ပြုနေကြတယ် လည်စည်းအနီကို မျက်စိနောက်ပြီး ဝင်ခတ်တာဖြစ်နိုင်တယ်။ဒီကျွဲမကြီးက မျက်စိတစ်ဖက်မမြင်ဘူး၊ သူတို့လည်း ပြာပြီး ကျွဲကို ရန်ပြုမသွားဘူး”လို့ ကောလင်း အနောက်ခြမ်းသားတစ်ဦးက ဒေသတွင်း သတင်းအရင်းမြစ်တစ်ခုဖြစ်တဲ့ Chindwin Review ကိုပြောထားပါတယ်။

ကျွဲခတ်ခံရတဲ့ စစ်သားမှာ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံပို့ထားကြောင်း နောက်ပြီးအသက်အန္တရာယ်ဆိုးရိမ်ရကြောင်းသိရှိရသည်။ စစ်ကောင်စီဘက်ကတော့ စစ်သား ကျွဲခတ်ခံရတဲ့ သတင်းကို အတည်ပြုဖို့ငြင်းဆန်တဲ့အကြောင်းသိရှိရသည်။ 

ယခုအချိန်မှာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတချို့ဟာ ကျွဲကြီးကို ဝယ်ယူပြီး ဘေးမဲ့ပေးဖို့တိုင်ပင်နေကြပြီး ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တဖန်ပြန်လည်၍ စစ်ရေးတင်းမာလာခဲ့သည်။

Zayartime Media-ဇေယျာတိုင်း မီဒီယာ

စစ်ကောင်စီတပ်သားကို ခတ်ခဲ့သည့် ပြည်သူ့ကျွဲမလေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဘေးမဲ့ပေးမည်ဟုသိရ စစ်ကောင်စီတပ်သားကို ခတ်ခဲ့သည့် ပြည်သူ့ကျွဲမလေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဘေးမဲ့ပေးမည်ဟုသိရ Reviewed by THITHTOOLWIN on 07:49 Rating: 5

No comments:

Powered by Blogger.