ရဲ ၃ ဦးသေဆုံးတယ်လို့ မြို့ပြပြောက်ကျားပူးပေါင်းအဖွဲ့တွေပြော
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပဲခူးလမ်းမကြီးပေါ်က ဒဂုံဆိပ်ကမ်းရဲစခန်းကို ဗုံးပစ်လောင်ချာသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျား ပူးပေါင်းအဖွဲ့တွေက ဒီနေ့ ဒီဇင်ဘာလ ၂၂ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
ဒီနေ့ မနက် ၆ နာရီဝန်းကျင်မှာ ဒဂုံဆိပ်ကမ်းရဲစခန်းကို ၆ နာရီမထိုးခင်မှာ ၄၀ မမ ဗုံးသီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တယ်တယ်လို့လည်းဆိုပါတယ်။
အဲဒီပစ်ခတ်မှုမှာ ရဲ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာပြင်းထန်တယ်လိုဆိုပေမဲ့ ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး မှတ်ချက်တစ်စုံတရာရဖို့ ဘီဘီစီက စစ်ကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့ဆီ ဆက်သွယ်နေပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ NUG ရဲ့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ရဲ့ ပျံလွှားအောင်စစ်ဆင်ရေး တဝိတ်တပိုင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
BBC Burmese
ဒဂုံဆိပ်ကမ်းရဲစခန်း ဗုံးပစ်လောင်ချာနဲ့ပစ်ခတ်ခံရ
Reviewed by THITHTOOLWIN
on
00:11
Rating:
No comments:
Post a Comment