ယင်းမာပင်နယ်ထဲမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်


မုံရွာမြို့တစ်ဖက်ကမ်းက ချင်းတွင်းမြစ်အနောက်ဘက်ခြမ်း ယင်းမာပင်နယ်ထဲမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်မြိုပေါ်မှာ တပ်စွဲထားပြီးတော့ အခုလို ယမားချောင်း မြောက်ပိုင်းက ရွာတွေကို လာရောက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ နုံးကြီးကျေးရွာနဲ့ မြို့ကြီးကျေးရွာကြားက တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ယင်းမာပင်ခရိုင် ပူးပေါင်း PDF အဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာလို့လည်း ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဘက်က အင်အားအလုံးအရင်းသုံးသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

အခုရက်ပိုင်း စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေဟာ ရဟတ်ယာဥ်တွေကို ပါသုံးပြီးနယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတာလည်း ရှိပါတယ်။

ဒီဇင်ဘာလဆန်းကစတင်ပြီး ယင်းမာပင်ခရိုင် အတွင်းရှိ ယင်းမာပင်၊ ပုလဲ ၊ ဆားလင်းကြီးနဲ့ကနီမြို့နယ်များကို စစ်ကောင်စီတပ်တွေက လက်နက်အင်အား လူအင်အား အများအပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ကြီးတွေသုံးတဲ့ ယမားတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်ကရော ဒေသကာကွယ်ရေးတပ်တွေကပါ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

BBC Burmese
ယင်းမာပင်နယ်ထဲမှာ တိုက်ပွဲ အပြင်းအထန်ဖြစ် ယင်းမာပင်နယ်ထဲမှာ တိုက်ပွဲ အပြင်းအထန်ဖြစ် Reviewed by THITHTOOLWIN on 00:09 Rating: 5

No comments:

Powered by Blogger.