ဂေါ့အင်းရွာတွင် ဒလန်အကြီးစား၏ သမီးဖြစ်သူ သေနတ်ပစ်ခံရ၍ သေဆုံး

ပုံစာ - သေဆုံးသူ မအိမ့်ရတနာမိုး ဖြစ်သည်။

သေဆုံးသူသမီးဖြစ်သူမှာ ဖက်ဆစ်တပ်တော်လှန်ရေးသပိတ်စစ်ကြောင်းတွင်ပါဝင်နေ

ထားဝယ် ၊ဒီဇင်ဘာလ ၉ ရက်

လောင်းလုံးမြို့နယ်၊ဂေါ့အင်းရွာနေထိုင်သူ ဖက်ဆစ်တပ်သတင်းပေး ဒလန်အကြီးစား ၏သမီးဖြစ်သူ ဒီဇင်ဘာ(၉)ရက်နေ့ မွန်းလွဲပိုင်းက သေနတ်ပစ်ခံရ၍ သေဆုံးသွားသည်။

ဒီဇင်ဘာ(၉)ရက်၊ မွန်းလွဲ(၁၂)နာရီဝန်းကျင်ခန့်တွင် ဒလန် ဦးမောင်ကျော်သူ ၏သမီးဖြစ်သူ မအိမ့်ရတနာမိုး (ခ)အိအိ အသက်(၁၇)နှစ် ဆိုသူသေနတ်ပစ်ခံရ သေဆုံးသွားကြောင်း ရွာသားတစ်ဦးကပြောသည်။

"ဆိုင်ကယ်တစ်စီးလူနှစ်ဦးဒလန်အိမ်ရှေ့ခနရပ်ပြီး အိမ်ထဲပစ်တယ်။သေနတ်ကျည် လေးချက်ဆက်တိုက်ပစ်ပြီး ဆိုင်ကယ်အမြန်မောင်းသွားတယ်"ဟု၎င်းကဆိုသည်။ 

ယင်းနောက် သမီးဖြစ်သူ မအိမ့်ရတနာမိုး ဆိုသူမှာ လက်ဖဝါးနှင့် ဝမ်းဗိုက်တို့တွင်သေနတ်ထိမှန်ခဲ့ပြီး အရေးပေါ်လူနာတင်ယာဥ်ဖြင့် ထားဝယ်ဆေးရုံသို့ခေါ်ဆောင်သွားစဥ် လမ်းခုလတ်တွင် သေဆုံးသွားကြောင်း ၎င်းကထပ်မံပြောဆိုသည်။

သေဆုံးသူ၏အရုပ်လောင်းအား နေအိမ်သို့ ညနေပိုင်းကပြန်လည်ယူဆောင်လာခဲ့သည်။

ဖက်ဆစ်တပ်သတင်းပေး ဒလံအကြီးစား ဦးမောင်ကျော်သူ ကိုလာရောက်ရှင်းလင်းစဥ် သမီးဖြစ်သူကို မှားပစ်မိခဲ့ကြောင်းသိရှိရသည်။

အဖေဖြစ်သူသည် ကြံ့ခိုင်ရေးပါတီအားပေး ဖက်ဆစ်တပ်ကိုသတင်းပေးပို့ပေးနေပြီးဆိုးသွင်းသူတစ်ဦးဖြစ်ပေမဲ့ သမီးဖြစ်သူ မအိမ့်ရတနာမိုး ဆိုသူမှာဖက်ဆစ်တပ်တော်လှန်ရေးသပိတ်စစ်ကြောင်းများတွင်ပါဝင်နေသူတစ်ဦးဖြစ်ကြောင်း ထပ်မံသိရှိရသည်။ 

လက်ရှိတွင် ဂေါ့အင်းရွာ၊ကထောင်းနီရွာ၊ကညုံကျွန်းရွာတို့တွင် ဖက်ဆစ်တပ်သားများ တပ်စွဲကာ ကျေးရွာနေပြည်သူ(၁၅)ဦးခန့်ကိုလည်း ဖမ်းဆီးထားကြောင်း ဂေါ့အင်းရွာသားတစ်ဦးက ရှင်းပြသည်။ 

Dawei Information Center 

ဂေါ့အင်းရွာတွင် ဒလန်အကြီးစား၏ သမီးဖြစ်သူ သေနတ်ပစ်ခံရ၍ သေဆုံး ဂေါ့အင်းရွာတွင် ဒလန်အကြီးစား၏ သမီးဖြစ်သူ သေနတ်ပစ်ခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 07:51 Rating: 5

No comments:

Powered by Blogger.