(နတ်ချောင်းရွာမီးလောင်နေသည်ကိုအဝေးမှမြင်တွေ့ရစဥ် -ဓါတ်ပုံ- CJ) |
ကလေးမြို့နယ်အတွင်းရှိ နတ်ချောင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့(ဒီဇင်ဘာ ၂၃) ညနေ၅နာရီခွဲဝန်းကျင်တွင် ရွာလုံးကျွတ်မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။
ရွာလုံးကျွတ်မီးတင်ရှို့မူကြောင့် နေအိမ်အများစု မီးလောင်ကျွမ်းနေပြီး မီးတောက်ကို ကလေးမြို့နားကပင် မြင်တွေ့နေရသည်ဟု ဒေသခံများက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီ နတ်ချောင်းရွာကို ယနေ့မွန်းလွဲ ပိုင်းတွင် စစ်ဖက်သုံးရဟတ်ယာဥ်ဖြင့်လိုက်လံပစ်ခတ်ခဲ့ပြီးနောက် ညနေပိုင်းတွင်တစ်အိမ်ဝင်တစ်အိမ်ထွက် မီးလိုက်ရှို့နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
"မီးလောင်တာက အရမ်းများပြီး မီးတောက်က တော်တော်ကြီးနေတယ်။ရွာထဲမှပိတ်မိနေတဲ့သူတွေလည်း ရှိတယ်။ "ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ကလေးမြို့ရှိ နတ်ချောင်းရွာကို ဖုန်းလိုင်းဖြတ်တောက်ထားပြီး ယနေ့မနက်ပိုင်းမှစ၍ နေအိမ်များကို လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
နေလယ် ၂ နာရီကျော်တွင် အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်နှစ်စီးဖြင့် ၁၀ကြိမ်တိုင်တိုင် ရွာအတွင်းရှိ ပြည်သူလူထုကိုပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဒေသခံများကပြောသည်။
နတ်ချောင်းရွာသည် ကလေး-ဂန့်ဂေါလမ်းပိုင်းတွင်တည်ရှိပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့်အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
ယနေ့မနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ စနိုက်ပါတပ်သားတစ်ဦးကို. ဒေသခံကာကွယ်ရေးတပ်များက ပစ်သတ်ပြီးနောက် အကြမ်းဖက်စစ်တပ်က နတ်ချောင်းရွာကို အညှိုးတကြီး တိုက်ခိုက်မီးရှို့နေခြင်းဖြစ်ကြောင်းဒေသခံအချို့က ပြောသည်။
နတ်ချောင်းရွာအတွင်းယနေ့ နံနက်ပိုင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်က အထိအခိုက်မရှိခဲ့ဟု Kalay PDF နှင့် နီးစပ်သူတစ်ဦးက ယနေ့ညနေတွင် ပြောသည်။
" သူတို့(စစ်ကောင်စီ)မနိုင်လို့ လေကြောင်းကနေ လာပစ်တာ။ အရပ်သားနှစ်ယောက်တော့ ဆိုင်ကယ်စီးလာတုန်း စစ်တပ်ကပစ်တာ သေဆုံးသွားတယ်ကြားတယ်" ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။
ထိုအပြင် ယနေ့နေလယ်ပိုင်းတွင် စစ်ကောင်စီတပ်စွဲထားသည့် စာသင်ကျောင်းရှေ့ကို ဆိုင်ကယ်ဖြတ်မောင်းသွားသည့် အမျိုးသမီးတစ်ဦးကိုလည်း အကြမ်းဖက်စစ်တပ်က ပစ်သတ်ခဲ့သည်ဟုဒေသခံများက ပြောသည်။
People's Spring
No comments:
Post a Comment