ထားဝယ် ၊ဒီဇင်ဘာလ ၂၈ ရက်
သရက်ချောင်းမြို့နယ်၊စော်ဖျားကျေးရွာအုပ်စု၊မိုးရွှေကူးရွာထိပ်လမ်းတွင် ယနေ့ညနေပိုင်း ဖက်ဆစ်တပ်များနှင့်ပျူစောထီးတို့ ကင်းလှည့်ပြီးအပြန် မိုင်းဆွဲခံရသည်။
ဒီဇင်ဘာ(၂၈)ရက်၊ညနေ(၄)နာရီခွဲခန့် ပျူစောထီးအဖွဲ့ဝင် ဦးမောင်ရီ နှင့်သားဖြစ်သူ အပါဝင် ဖက်ဆစ်တပ်များ Vigo ကားဖြင့် ကင်းလှည့်ပြီးအပြန်မိုင်းဆွဲခံရကြောင်း ရွာသားတစ်ဦးကဆိုသည်။
"မိုင်းဆွဲတိုက်ခိုက်ပေမဲ့ အချိန်နောက်ကျသွားလို့ထင်တယ်။ကားနောက်ပိုင်းနည်းနည်းပက်ထိသွားတယ်" ဟု၎င်းကပြောသည်။
ထိုနောက် ကျေးရွာအတွင်းဝင်ရောက်လာ၍ နေအိမ်တဆောင်အား ဝင်ရောက်ရာ လူမမိ၍ အိမ်တွင်းရှိပစွည်းများ ဖျက်ဆီးကာ ပြန်ထွက်သွားကြောင်း ၎င်းကထပ်မံပြောဆိုသည်။
ယင်းပျူစောထီးသားဖကြောင့် ကျေးရွာအတွင်းနေထိုင်သူများမှာ ဖမ်းဆီးခံရမည်ကိုစိုးရိမ်သဖြင့် ရွာကိုစွန့်ခွာထွက်ပြေးနေရကြောင်း မိုးရွှေကူးရွာသားတစ်ဦးက ရှင်းပြသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအား မည်သည့်အဖွဲ့စည်းမှ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားခြင်းမရှိသေးပေ။
Dawei Information Center
No comments:
Post a Comment