မြိုင်မှာ စစ်ကောင်စီ ဆီဘောက်ဆာကား မိုင်းဆွဲခံရ၊ လုံခြုံရေး ရဲ ၁ ဦးသေဆုံး

မြိုင်၊ ဒီဇင်ဘာ ၂၅၊ ၂၀၂၁။

မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၂၅ ရက် ဒီနေ့နေလည် ၁ နာရီခွဲလောက်က စစ်ကောင်စီပိုင် ဆီဘောက်ဆာကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး အဲ့ဒီကားပေါ်မှာ လိုက်လာတဲ့ လုံခြုံရေး ရဲ ၁ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော် - PRA ဆီကသိရပါတယ်။ 

မကွေးတိုင်း၊ မြိုင်မြိုနယ်၊ ကျွဲတွင်းရွာအနီးမှာ PRA တပ်ခွဲ ၁၂ က ဗိုလ်တိုးကြီး ခေါင်းဆောင်တဲ့အဖွဲ့က မိုင်း ၂ လုံးနဲ့တိုက်ခိုက် ခဲ့တာဖြစ်တယ်လို့ PRA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဂျပန်ကပြောပါတယ်။ 

“တပ်ခွဲ ၁၂ ကသွားပြီးတော့ ဆော်ထုတ်ပစ်လိုက်တယ်၊ လုံခြုံရေးပါလာတဲ့ရဲက ခေါင်းခန်းထဲမှာဆိုတော့ မိုင်းထိပြီးသေပါတယ်၊ မောင်းတဲ့လူကတော့လက်မောင်းမှာ ဒဏ်ရာရပါတယ်၊ အဲဒီကောင်ကတော့မောင်းပြီးပြေးတာ၊” လို့ သူကပြောပါတယ်။ 

PRA ဟာ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက် မနက် ၁၀ နာရီလောက်ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီတပ်သား ၆၀ ကျော်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ တပ်သား ၆ ဦးသေဆုံးခဲ့ပါသေးတယ်။ 

မြေလတ်အသံ - Myaelatt Athan 

မြိုင်မှာ စစ်ကောင်စီ ဆီဘောက်ဆာကား မိုင်းဆွဲခံရ၊ လုံခြုံရေး ရဲ ၁ ဦးသေဆုံး မြိုင်မှာ စစ်ကောင်စီ ဆီဘောက်ဆာကား မိုင်းဆွဲခံရ၊ လုံခြုံရေး ရဲ ၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 22:43 Rating: 5

No comments:

Powered by Blogger.