ပုလဲနယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ကြရာ စကစ (၄)ဦးသေ


စကစတပ်များ တိုက်ပွဲတွင်း ပိတ်မိ၍ လေကြောင်းပစ်ကူပါ သုံးခဲ့

ဒီဇင်ဘာ - ၂၃ 

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အင်အား (၄၀)ခန့်ပါ စစ်ကောင်စီတပ်များသည် ကံပေါက်ရွာနှင့် ဖိုကုန်း‌ညောင်ကုန်းရွာကြားတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်ထိပ်တိုက်တွေ့ကာ အပြန်အလှန်ပစ်ခတ်ရာ စကစ (၄) ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့ ဒီဇင်ဘာ (၂၃) ရက်၊ နံနက် (၃) နာရီခန့်တွင် စကစတပ် အင်အား (၃၉) ဦးသည် နွယ်ရှောက်/ကံပေါက်ရွာတောများမှတစ်ဆင့် ထွက်လာရာ ကံပေါက်ရွာနှင့် ဖိုကုန်းညောင်ကုန်းရွာကြားတွင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Pale - PDF - Headquarters က ထုတ်ပြန်ထားသည်။

ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်အဖွဲ့ဝင်များဖြစ်သည့် ပုလဲမြေပြန့်ဒေသကာကွယ်ရေးအင်အားစု(PPDG)/ကျားသစ်နက်တပ်ဖွဲ့ နှင့် Pale People's Defence Force(PPDF)အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ 

တိုက်ပွဲတွင် စကစတပ်များက (၄) ဦးထက်မနည်း သေဆုံးထိခိုက်မှု ရှိခဲ့ပြီး တိုက်ပွဲတွင်း ပိတ်မိနေခဲ့သောကြောင့် စစ်တပ်က လေကြောင်းပစ်ကူ ရဟတ်ယာဉ်ဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။ 

" PDFရဲဘော်များ အထိအခိုက်မရှိခဲ့ပါ။ စကစ တပ်သားများက ပြည်သူ (၂) ဦးကို ဖမ်းဆီးကာ လူသားဒိုင်းကာခေါ်၍ ပုလဲမြို့ကိုဆုတ်ခွာသွားပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်မှာ မနက်၁၀နာရီမှ နေ့လယ် (၁) နာရီအထိ (၃) နာရီခန့်ကြာခဲ့ပါတယ် " ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်က ထုတ်ပြန်ထားသည်။ 


Mandalay Free Press - MFP

ပုလဲနယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ကြရာ စကစ (၄)ဦးသေ ပုလဲနယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ကြရာ စကစ (၄)ဦးသေ Reviewed by THITHTOOLWIN on 22:08 Rating: 5

No comments:

Powered by Blogger.