ရေဦးမြို့မရဲစခန်းကို ဗုံးငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စကစများ ရေဦးမြို့ပေါ် သောင်းကြမ်းနေပြီး တွေ့သမျှလူ ပစ်ခတ်နေဟုဆို
MFP၊ ဒီဇင်ဘာ၁၃
စစ်ကိုင်းတိုင်း ရေဦးမြို့ရှိ မြို့မရဲစခန်းကို ဗုံးငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ် (ရေဦး ပ.က.ဖ)က ယနေ့ ဒီဇင်ဘာ (၁၃)ရက် မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်သည်။
“ရေဦးမြို့နယ် မြို့မခွေးစခန်း နှင့် အောင်ချမ်းသာ အုပ်မှူးရုံးတို့ကို ပကဖ နှင့် PDF ပူးပေါင်းအဖွဲ့တို့က အသီးနှင့် ပစ်ပြီး ကျည်ဆံဖြင့် တိုက်ခိုက်ခဲ့သည့် PDF/ပကဖတို့ ဘေးကင်းစွာ ပြန်ရောက်ခဲ့ပါပြီ” ဟု ရေဦး ပ.က.ဖ က ဆိုသည်။
ရေဦးမြို့မ ရဲစခန်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အချိန်နှင့် စစ်ကောင်စီ လက်နက်ကိုင်များ ကျဆုံးမှု ရှိ၊မရှိကိုမူ ဖော်ပြထားခြင်း မရှိပါ။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ရေဦးမြို့ပေါ်၌ စစ်ကောင်စီ လက်နက်ကိုင်များ သောင်းကြမ်းနေပြီး တွေ့သမျှလူ ပစ်ခတ်နေသဖြင့် အများပြည်သူ အနေဖြင့် မြို့ပေါ်၌ သတိထား သွားလာကြရန် ရေဦးဒေသခံ အချင်းချင်းကြား အသိပေးတားမြစ်လျှက် ရှိသည်။
အဆိုပါ ရေဦးမြို့မရဲစခန်း တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ရေဦးမြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကိုင်များကို ရေဦး ပ.က.ဖ အပါအဝင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မကြာခန မိုင်းဆွဲတိုက်ခိုက်လျှက် ရှိသည်။
Mandalay Free Press - MFP
No comments:
Post a Comment