အင်းတော်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နဲ့ ရဲခများ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွား ရခတစ်ကောင် သေဆုံး
ဒီဇင်ဘာ ၁၀
ယနေ့ဒီဇင်ဘာလ ၁၀ရက် နေ့လည် ၁၁နာရီ ၃၀မိနစ်ခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရခများနဲ့ ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပြီး ရဲတပ်သား ၁ဦးသေဆုံးတယ်လို့သိရသည်။
ယင်းဖြစ်စဥ်တွင်အင်းတော်မြို့နယ်အတွင်း အင်းတော်မြို့မှ ကောင်လင်းဘက်သို့ဆင်းလာသော ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အင်းတော်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့မှလိုက်လံပို့ဆောင်စဥ် ဒလန်ရဲ့တိုင်ကြားမှုကြောင့် ရဲကင်းအဖွဲ့များ ရောက်လာပီး လယ်ပြင် -သီဘာရွာထိပ် ဗျူဟာလမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ရဲဘော်တစ်ဦး လက်မောင်းကျည်ထိမှန်ခဲ့ကြောင်းသိရသည်။
ထိုတိုက်ပွဲကြောင့် ခရီးသွားကားဆရာ ၂ဦးအနက် ၁ဦး သေနတ်ထိမှန် သေဆုံး၍ ၁ဦးဒဏ်ရာ ရရှိခဲ့ပြီးဆိုင်ကယ်တစ်စီးလည်း မီးလောင်ပျက်စီးသွားတယ်လို့ IR-Team ကထုတ်ပြန်သည် ။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘေးကင်းလုံခြုံတဲ့နေရာသို့ ရောက်ရှိနေပြီး ဒလန်များကိုလည်းရှင်းလင်းသွားမယ်လို့ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့များကဆိုထားသည်။
Zayartime Media-ဇေယျာတိုင်း မီဒီယာ
No comments:
Post a Comment