အကြမ်းဖက် စစ်အုပ်စု၏ မီဒီယာဖော်ပြချက်အရ (၁၂) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးဆိုင်ရာ ကျွမ်းကျင်သူများ အလုပ်အဖွဲ့ အစည်းအဝေး (ADMM-PLUS EWG-CT) ကို အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် မြန်မာစစ်တပ်က ပူးတွဲ ကျင်းပ၍ ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဩစတျေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုးရီးယား၊ အမေရိကန်ပြည်ထောင်စုတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခြင်းသည် လုံးဝ ပြစ်တင်ရှုတ်ချဖွယ် ရာ ဖြစ်သည်။ အကြမ်းဖက် မြန်မာစစ်တပ်မှ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ တိုးမြှင့်လုပ် ဆောင်နေစဉ်တွင် ယင်းအစိုးရများအနေဖြင့် မြန်မာစစ်တပ်အား တရားဝင်မှုပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါအစည်းအဝေးကျင်းပခဲ့သည့် ယခုရက်သတ္တပတ်အတွင်း ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မှ နေရာများ၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း တို့တွင် မြန်မာစစ်တပ်မှ အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ADMM-Plus အစည်းအဝေးကို တရားမဝင်စစ်ကောင်စီမှ ဝါဒဖြန့်ချိရေး တစ်ရပ်အဖြစ် အသုံးပြုခဲ့သည်။
ယင်းအစည်းအဝေးကို စစ်အုပ်စု၏ ဒုတိယလေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်အောင်မျိုးသန့်က ရုရှားဗိုလ်ချုပ်တစ်ဦးနှင့်အတူ ပူးတွဲ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ စစ်အုပ်စုသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ကို ပုံဖျက်တိုက်ခိုက်ခြင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခြင်း စသည့် မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို အထပ်ထပ် အခါခါ ပြောဆိုရန်အတွက် အဆိုပါအစည်းအဝေးကို အသုံးပြုခဲ့သည်။
အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး၊ ရက်စက်ကြမ်းကြုတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိဘဲ ဆက်လက်ကျူးလွန်နေသည့် မြန်မာစစ်တပ်အား ရဲဆေးတင်ပေးလိုက်ကြသည့် အစိုးရအားလုံးကို Justice For Myanmar က အပြင်းအထန်ရှုတ်ချသည်။
နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်ကောင်စီအား တရားဝင်မှုပေးရမည်မဟုတ်ဘဲ၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ စစ်ကောင်စီ၏ အခွန်ဝင်ငွေကို ဖြတ်တောက်ရန် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခြင်းများဖြင့် ၎င်းတို့အပေါ် အရေးယူလုပ်ဆောင်ရမည်ဖြစ်ပြီး နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူများကို တာဝန်ခံစေရမည် ဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝန်းအနေ ဖြင့် မြန်မာပြည်သူများအပေါ် တာဝန်ပျက်ကွက်မှုကို ရပ်တန့်ကြပါ။ မြန်မာပြည်သူများ၏ အသံကို နားထောင်ပါ‼️
Justice For Myanmar
No comments:
Post a Comment