တန့်ဆည်တွင် တိုက်ပွဲဖြစ်ပွား၍ ပျူစောထီး(၇)ဦးသေဆုံး၊ စစ်ကူလာသည့် စကစယာဉ်တန်း ၂ကြိမ်ထက်မနည်းမိုင်းဆွဲခံရ
ဇေယျာတိုင်း၊ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းတန့်ဆည်မြို့နယ်၊ ရွာသာယာရွာ(ရွာမ)တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ နဲ့ ပျူစောထီးတို့ ယမန်နေ့ညနေက ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ပျူစောထီး(၇)ဦး သေဆုံးကာ ဒဏ်ရာရသူများလည်း ရှိကြောင်း သိရှိရသည်။
ထို့နောက် တိုက်ပွဲဖြစ်ပွားရာနေရာသို့ တန့်ဆည်ရဲစခန်းမှ ကား (၂) စီး၊ဆိုင်ကယ်(၁၀)စီး စစ်ကူလာရောက်ခဲ့ပြီး ဘက်စုံကွေ့အနီးတွင် ရှေ့ပြေးလာသော ကား (၂) စီးအနက် (၁) စီး မိုင်းမိပြီး ရပ်တန့်သွားကြောင်း ဒေသသတင်းရင်းမြစ်မှသိရပြီး PDFNewsflash ကဖော်ပြသည်။
တဖန် ရွာသာယာရွာမှ တန့်ဆည်စခန်းသို့ ပြန်လှည့်လာသော စကစတပ်များမောင်းနှင်လာသည့် အာရာဖက်ကား(၁) စီးနှင့် ဆိုင်ကယ် (၅) စီးအား ည ၇ နာရီခန့်က မှန်ကြိုင်၊ မှန်ရင်းမူးဘောင်အနီး၌ တန့်ဆည်ပြည်သူ့ရဲဘော်များက မိုင်းထပ်မံဆွဲခဲ့ပြီး စကစဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း TPC မှထုတ်ပြန်ထားကြောင်းသိရှိရသည်။
တန်ဆည်မြို့နယ်အတွင်း အရင်နေ့တွေကလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာလျက်ရှိရာ ဒေသခံပြည်သူ့ကာရေးတပ်ဖွဲ့များက စကစတပ်များကို တိုက်ခိုက်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ် အများအပြား ကျဆုံးလျက်ရှိပေသည်။
Zayartime Media-ဇေယျာတိုင်း မီဒီယာ
No comments:
Post a Comment