အရာတော်၊ ကဲဘာကျေးရွာတွင် စစ်တပ်နှင့် ပျူစောထီး မီးရှို့သောကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပျက်ဆီး


ယနေ့ ဒီဇင်ဘာ(၁၃)ရက်၊ မနက်ပိုင်းတွင် စစ်တပ် နှင့် ဒေသခံပျူစောထီး ပူးပေါင်းအင်အား(၁၀၀)ကျော်က အရာတော်အရှေ့တောင်နယ်၊ ကဲဘာ‌ကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အိမ်ခြေ (၁၀၀)နီးပါး မီးလောင်ပျက်ဆီးခဲ့ကြောင်းသိရှိရသည်။

ကဲဘာကျေးရွာသည် အိမ်ခြေရာဂဏန်းရှိပြီး ယခု စစ်တပ်၏ မီးရှို့မှုကြောင့် တစ်ရွာလုံးနီးပါး ပျက်ဆီးဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

အချိန်တော်တော်ကြာ ရွာနေအိမ်များမီးလောင်နေခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များက ရွာထဲတွင် သေနတ်နှင့်လက်နက်ကြီးများ ပစ်ဖောက်ပြီး ပတ်မွှေနေသေး၍ ရွာထဲပြန်ဝင်မီးငြှိမ်းမရဘဲ ရှောင်ပြေးရာတောထဲမှသာ ရွာဘက်ကို လှမ်းမျှော်ကြည့်နေခဲ့ရသည်ဟု ရွာခံပြည်သူများကပြောသည်။ 

အဆိုပါ စစ်တပ်နှင့် ပျူစောထီးတပ်ဖွဲ့သည် ယခုအခါ သလဲဘာကျေးရွာဘက်ကို ပြန်လည်ဆုတ်လာပြီး သလဲဘာအနီး ဆုတောင်းပြည့်မြစည်းခုံဘုရားတွင် တပ်စွဲစခန်းချထားသည်ဟု သိရှိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့များ သလဲဘာရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားမှ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ရွာခံလူငယ်တချို့က ဝင်ရောက်ပြီး ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့သဖြင့် ယနေ့ ညနေ(၃)နာရီခန့်တွင် မီးငြိမ်းသွားပြီဟုသိရှိရသည်။

အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး




အရာတော်၊ ကဲဘာကျေးရွာတွင် စစ်တပ်နှင့် ပျူစောထီး မီးရှို့သောကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပျက်ဆီး အရာတော်၊ ကဲဘာကျေးရွာတွင် စစ်တပ်နှင့် ပျူစောထီး မီးရှို့သောကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပျက်ဆီး Reviewed by THITHTOOLWIN on 18:14 Rating: 5

No comments:

Powered by Blogger.