ဘီးလင်းတွင် တောင်ယာလုပ်နေသော အမျိုးသမီးတစ်ဦးအား အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးနှိပ်စက်ညှင်းပန်းကာ နောက်ဆုံးတွင် ပစ်သတ်ခဲ့



ဒီဇင်ဘာ ၂၃ ရက်

ကရင်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒူးသထူ‌ခရိုင်၊ ထော်ကလော်ခီးကျေးရွာ၊ နို့ဘယ်ဘောကျေးရွာအုပ်စုတွင် တောင်ယာလုပ်ကိုင်နေသော နော်ခီးဆိုသူ အမျိုးသမီးတစ်ဦးအား အကြမ်းဖက်လူသတ်စစ်ကောင်စီမှ ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ကရင်လူမျိုးများအတွက်လူအခွင့်အရေးကြိုးပမ်းသူများအဖွဲ့မှ ထုတ်ပြန်ထားသည်။

ပစ်သတ်ခံရသော အမျိုးသမီးသည် ဒီဇင်ဘာ ၂၁ ရက်နေ့ မနက် ၈:၀၀ နာရီဝန်းကျင်က ခင်ပွန်းနှင့်အတူ တောင်ယာထဲတွင် အလုပ်လုပ်နေစဉ် အကြမ်းဖက်စစ်တပ်မှ စစ်သားများ၏ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အမျိုးသမီးနှင့်ခင်ပွန်းတို့ နေထိုင်ရာ တောင်ယာအနီးတွင် KNLA စစ်သားများ လာရောက်နေထိုင်နေစဉ်၊ အကြမ်းဖက်စစ်သားများ ရောက်ရှိလာခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုများ မိနစ် ၃၀ ကြာဖြစ်ပွါးခဲ့သည့်အတွက်၊ အမျိုးသမီးနှင့် ၎င်း၏ခင်ပွန်းဖြစ်သူတို့မှာ လမ်းခွဲပြီးထွက်ပြေးခဲ့ကြရာမှ၊ နော်ခီးသည် စစ်တပ်၏ ဖမ်းဆီးနှိပ်စက်ညှဉ်းပမ်းခြင်းကို ခံခဲ့ရကာ နောက်ဆုံးတွင် ပစ်သတ်ခံခဲ့ရသည်ဟု KHRG မှ ထုတ်ပြန်ထားသည်။


HTY Information III

ဘီးလင်းတွင် တောင်ယာလုပ်နေသော အမျိုးသမီးတစ်ဦးအား အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးနှိပ်စက်ညှင်းပန်းကာ နောက်ဆုံးတွင် ပစ်သတ်ခဲ့ ဘီးလင်းတွင် တောင်ယာလုပ်နေသော အမျိုးသမီးတစ်ဦးအား အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးနှိပ်စက်ညှင်းပန်းကာ နောက်ဆုံးတွင် ပစ်သတ်ခဲ့ Reviewed by THITHTOOLWIN on 22:37 Rating: 5

No comments:

Powered by Blogger.