စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများကရမ်းသမ်းပစ်ခတ်၍ လယ်ရိတ်နေသည့် စစ်ဗိုလ်တစ်ဦးမိခင် ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) မွန်းလွဲပိုင်းက မြင်းမူမြို့နယ် မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကိုင်းဘက်မှလာ
သည့် အကြမ်းဖက်စစ်ကောင်စီတပ်ကားတန်းသည် ထီးဆောင်းကျေးရွာအနီးတွင် ရမ်းသမ်းပစ်ခတ်ရာမှ လယ်ရိတ်သိမ်းနေသည့်အမျိုးသမီးတစ်ဦး လက်ကောက်ဝတ်ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသမီးမှာ ထီးဆောင်းကျေးရွာသူ ဒေါ်ရီမြင့်ဖြစ်ပြီး ၎င်း၏သားမှာ မိခင်တပ်ရင်း ပခုက္ကူမြို့မှ ယခု့လက်ရှိမှော်ဘီမြို့တွင်တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ကြီးမင်းသူ၏ အမေဖြစ်ကြောင်း ဒေသခံများက ပြောသည်။
" လမ်းနဲ့လယ်နှစ်ကွက်ကျော်လောက်မှာလယ်ရိမ်းသိမ်းနေတဲ့ စစ်ဗိုလ်ရဲ့အမေကိုကိုလက်ကောက်ဝတ်မှန်ပြီးဖောက်ထွက်သွားတာ"ဟု ဒေသခံတစ်ဦးက ဒေသတွင်း မိုးသားရိပ်မီဒီယာသို့ဖြေကြားထားသည်။
ကျည်ထိမှန်သွားသူစစ်ဗိုလ်၏မိခင်သည်မြင်းမူဆေးရုံတွင်ဆေးကုသမှုခံယူနေကြောင်းလည်းဒေသခံများကပြောသည်။
မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအဝင် ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များမကြာခဏမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရဖူးသည်။
People's Spring
(အကြမ်းဖက်စစ်ကောင်စီတပ်သားများက ပြည်သူကိုရန်သူကဲသို့ သဘောထားကာ တိုက်ခိုက်၊သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်နေကြသည်)
No comments:
Post a Comment