မင်းဘူး၊ ဒီဇင်ဘာ ၂၅၊ ၂၀၂၁။
မကွေးတိုင်း၊ မင်းဘူးမြို့ အမှတ် ၂ ရဲစခန်းရှေ့မှာ လုံခြုံရေးယူထားတဲ့ ကင်းတဲကို ဒီဇင်ဘာ ၂၅ ရက် ဒီနေ့နေ့လည် ၄ နာရီခွဲလောက်က လက်ပစ်ဗုံးနဲ့ ဖောက်ခွဲခဲ့တာကြောင့် ရဲတပ်သား ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ MDA- နဂါးတပ်ဖွဲ့တာဝန်ခံ ဆရာနှင်းမောင်ကပြောပါတယ်။
“လက်ပစ်ဗုံးထုလိုက်တဲ့အချိန်မှာ ရဲတယောက်ကတော့ လက်နက်ကြီးလွယ်ပြီး ပြေးတာတန်းနေတာပဲ၊ တယောက်ကတော့ ထိခိုက်သွားတယ်လို့သိရတယ်။" လို့ သူကပြောပါတယ်။
ပေါက်ကွဲပြီးနောက်ပိုင်း မင်းဘူးမြို့အဝင်အထွက် ဂိတ်တွေမှာ စစ်ကောင်စီက စစ်ဆေးရေးတွေလုပ်နေတယ်လို့လည်း ဆရာနှင်းမောင်က ဆက်ပြောပါတယ်။
MDA - နဂါးတပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက် နေ့လည် ၃ နာရီလောက်ကလည်း မကွေးမြို့၊ မကြီးကန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ချိန်ကိုက်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment