တောင်ငူမြို့ ၂ ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းမင်းဦး စွန်လွှတ်နေစဉ် ပစ်သတ်ခံရ


ဒီဇင်ဘာ  ၃၀ 

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ၂ ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းမင်းဦးသည် ယနေ့ညနေပိုင်း စွန်လွှတ်နေစဉ် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီအချိန် တောင်ငူမြို့နယ် ၊ ၂ ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းမင်းဦးသည် စွန်လွှတ်နေစဉ် သေနတ်သမားတစ်ဦးက အနီးကပ် ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။ 

"ပစ်တဲ့ သေနတ်သမားက  လမ်းလျှောက်ရင်းအေးဆေးပစ်သွားတာပါ။ သေနတ်သမားက လွတ်မြောက်ပါတယ်။ အုပ်ကြီးကတော့ ပွဲချင်းပြီး ဆုံးပါတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ 

တောင်ငူမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသော လူငယ်များ ဖမ်းဆီးခံရမှုတွင် အုပ်ချုပ်ရေးမှူး မင်းမင်းဦး ပါဝင်ပတ်သက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။


Zayar Times - ဇေယျာတိုင်း

တောင်ငူမြို့ ၂ ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းမင်းဦး စွန်လွှတ်နေစဉ် ပစ်သတ်ခံရ တောင်ငူမြို့ ၂ ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းမင်းဦး စွန်လွှတ်နေစဉ် ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 01:09 Rating: 5

No comments:

Powered by Blogger.