ကနီမှာ ရေမြုပ်မိုင်းနဲ့တိုက်ခိုက်ခံရတဲ့စစ်ကောင်စီရေယာဉ် နစ်မြုပ်နေပြီလို့ ဒေသကာကွယ်ရေးအဖွဲ့ပြော

ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ဆင်းလာတဲ့စစ်ကောင်စီရေယာဉ် ၁၁ စီး အုပ်စုကို ကင်းရွာနဲ့ပဲကင်းရွာကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့
ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ဆင်းလာတဲ့စစ်ကောင်စီရေယာဉ် ၁၁ စီး အုပ်စုကို ကင်းရွာနဲ့ပဲကင်းရွာကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့Image caption: ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ဆင်းလာတဲ့စစ်ကောင်စီရေယာဉ် ၁၁ စီး အုပ်စုကို ကင်းရွာနဲ့ပဲကင်းရွာကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှာ မနေ့ ဒီဇင်ဘာလ ၁၂ ရက်တုန်းက ရေမြုပ်မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရတဲ့စစ်ကောင်စီရေယာဉ်ဟာ ဒီနေ့မှာ မဲဒင်ရွာ ကျွန်းခုံအနီးမှာ နစ်မြုပ်နေပြီလို့ ကနီဒေသကာကွယ်ရေးတပ် KLG PDF က လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်လာပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေသတွင်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်းဆိုပါတယ်။

ဒ့ါအပြင် မနေ့ ဒီဇင်ဘာလ ၁၂ ရက် နေ့လည်တုန်းကလည်း မင်းကင်းကနေ ဆယ်ရွာချောင်ဘက်ကို စစ်ကူဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အုပ်စုကို ဒေသတွင်းမဟာမိတ်ပြည်သူ့တပ်ဖွဲ့တွေက နေရာ ၄ ခုကနေ မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ဆယ်ချီ ကျဆုံးတယ်လို့လည်း ကနီ PDF က သတင်းထုတ်ပြန်ထားပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်နီးပါးပါတဲ့ ရေယာဉ်အုပ်စုဟာ ချင်းတင်းမြစ်ကြောင်းအတိုင်း ဆင်းသွားတာကြောင့် မြစ်ကမ်းနားတစ်လျှောက်က ကျေးရွာတွေကို မွှေနှောက်ပစ်ခတ်တာရှိနိုင်လို့ အထူးဂရုပြုနေထိုင်ကြဖို့ ပြည်သူတွေကို ဒေသကာကွယ်ရေးတပ်ဘက်က နှိုးဆော်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ကနီနဲ့ မင်းကင်းနယ်က ဒေသကာကွယ်ရေးတပ်တွေနဲ့ဖြစ်တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တစ်စုံတရာထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

BBC Burmese
ကနီမှာ ရေမြုပ်မိုင်းနဲ့တိုက်ခိုက်ခံရတဲ့စစ်ကောင်စီရေယာဉ် နစ်မြုပ်နေပြီလို့ ဒေသကာကွယ်ရေးအဖွဲ့ပြော ကနီမှာ ရေမြုပ်မိုင်းနဲ့တိုက်ခိုက်ခံရတဲ့စစ်ကောင်စီရေယာဉ် နစ်မြုပ်နေပြီလို့ ဒေသကာကွယ်ရေးအဖွဲ့ပြော Reviewed by THITHTOOLWIN on 19:44 Rating: 5

No comments:

Powered by Blogger.