နွားထိုးကြီးတွင် စကစများ တိုက်ခိုက်ခံရကာ ဗိုလ်မှူးအဆင့် အပါအဝင် (၁၀)ဦးခန့်သေဟုဆို

အထိနာနေသော အကြမ်းဖက် စကစများ နွားထိုးကြီး၊ မြင်းခြံ၊ ငါန်းဇွန်နယ်တွင် တောနင်းနေ၊

MFP ၊ ဒီဇင်ဘာ - ၂၅

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပဲကြီးခင်းရွာအနီးတွင် ဒီဇင်ဘာ(၂၂)ရက်က အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်များ မိုင်းဆွဲခံရသလို ပစ်ခတ်တိုက်ခိုက် ခံရကာ ဗိုလ်မှူးအဆင့် အပါအဝင် အကြမ်းဖက်သမား (၁၀)ဦးခန့် သေကြောင်း ဒေသခံများက MFP သို့ ပြောသည်။

ဒီဇင်ဘာ(၂၂)ရက်မှ (၂၃)ရက်အထိ နွားထိုးကြီးမြို့နယ် ပဲကြီးခင်း-ညောင်စင်-ကျောက်တန်းစသည့် ကျေးရွာများ အနီးတဝိုက်တွင်  ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များဖြစ်သော ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နွားထိုးကြီး)နှင့် 27 Revolution Force ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ ဗိုလ်မှူးအဆင့် တစ်ဦး အပါအဝင် (၁၀)ဦးထက်မနည်း သေသည်ဟု ဒေသခံများက ပြောသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန၏ နေ့စဉ်စစ်ရေးသတင်း အကျဉ်း ထုတ်ပြန်ချက်တွင် ဒီဇင်ဘာ(၂၂)ရက် မနက်(၅)နာရီဝန်းကျင်က စစ်ကား ငါးစီး၊ အင်အား (၁၀၀)ဖြင့် နွားထိုးကြီးမြို့နယ် ပဲကြီးခင်းရွာအနီး ရောက်ရှိလာသော စစ်ကောင်စီ လက်နက်ကိုင်များကို 27 Revolution Force နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နွားထိုးကြီး)တို့ ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးပြီး စကစ လေးဦး သေသည်ဟု ဆိုသည်။

အဆိုပါ နွားထိုးကြီးနယ်အတွင်း အကြမ်းဖက် စကစများ တိုက်ခိုက်ခံရမှုကြောင့် သေသည့် အရေအတွက်ကို MFP အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထိုသို့ စကစများ တိုက်ခိုက်ခံရကာ အထိနာ အသေများပြီးနောက် အကြမ်းဖက် စစ်အုပ်စုက နွားထိုးကြီးနယ်၊ ငါန်းဇွန်နယ်နှင့် မြင်းခြံနယ်များအတွင်း နှစ်ရက်ဆက် တောနင်းရှာဖွေနေသည်ဟု ဒေသခံများက ဆိုသည်။

ယမန်နေ့ ဒီဇင်ဘာ(၂၄)ရက်က အကြမ်းဖက်စစ်အုပ်စုသည် နွားထိုးကြီးမြို့နယ် ပဲကြီးခင်း-ညောင်စင်-ကျောက်တန်းစသည့် ကျေးရွာများအနီးတဝိုက် တောနင်းရှာဖွေပြီး ဖောင်ချဉ် ဘုရားကြီးကျောင်းတွင် ညအိပ်တပ်စွဲကြောင်း၊ နွားထိုးကြီးမြို့နယ် ဆည်သာကျေးရွာနှင့် မြင်းခြံမြို့နယ် နှပ်ချိုတောရွာတွင်လည်း အကြမ်းဖက်စကစများ စခန်းချနေပြီး တောနင်းရှာဖွေနေသည်ဟု ဆိုသည်။

အဆိုပါ အကြမ်းဖက် စကစများသည် အင်အားအများအပြားဖြင့် ဒေသခံတော်လှန်ရေး တပ်ဖွဲ့များကို တောနင်းရှာဖွေနေသလို ကျေးရွာများသို့ စီးနင်းဝင်ရောက်ကာ မွှေနှောက်သောင်းကြမ်း လုယက်ခြင်း၊ ဒေသခံများကို ဖမ်းဆီးနှိပ်စက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများလည်း လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီနှင့် ၄င်းတို့လက်အောက်ခံ ပျူများသည် ယခင်ကလည်း နွားထိုးကြီး၊ မြင်းခြံနယ်၌ မွှေနှောက်သောင်းစကြမ်း၊ လုယက်ခိုးယူ၊ ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်နေပြီး ယခုရက်ပိုင်းအတွင်း အင်အားတိုးကာ တောနင်းနေသဖြင့် အများပြည်သူ သတိထား သွားလာကြရန် ဒေသခံ တော်လှန်ရေး အင်အားစုများက သတိပေးလျှက်ရှိသည်။     

Mandalay Free Press - MFP

နွားထိုးကြီးတွင် စကစများ တိုက်ခိုက်ခံရကာ ဗိုလ်မှူးအဆင့် အပါအဝင် (၁၀)ဦးခန့်သေဟုဆို နွားထိုးကြီးတွင် စကစများ တိုက်ခိုက်ခံရကာ ဗိုလ်မှူးအဆင့် အပါအဝင် (၁၀)ဦးခန့်သေဟုဆို Reviewed by THITHTOOLWIN on 22:06 Rating: 5

No comments:

Powered by Blogger.