ဒီဇင်ဘာ - ၂
မန္တလေးတိုင်း မြင်းခြံမြို့နယ် ဂင်ဂဲကျေးရွာမှ မင်္ဂလာဆောင်တစ်ခုသို့ စစ်အုပ်စုက ဝင်ရောက်ကာ ငွေနှင့် စားစရာများ တောင်းခဲ့ကြောင်း သတင်းရရှိသည်။
ကိုင်းမြောက်ရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုက အနီးရှိ ဂင်ဂဲရွာမှ မင်္ဂလာဆောင်သို့သွားကာ ယင်းကဲ့သို့ တောင်းခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီက ထုတ်ပြန်သည်။
ငွေကျပ်တစ်သိန်းနှင့် ဆန်နှစ်ပြည်ချက် ထမင်းဟင်းများ တောင်းခံခဲ့ခြင်းဖြစ်ပြီး အဆိုပါရွာသားတစ်ဦးကလည်း မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။
မြင်းခြံမြို့နယ်ရှိ ကျေးရွာအများစု၌ စစ်အုပ်စုက အခြေစိုက်တပ်စွဲထားပြီး ရွာခံများကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက် စစ်ဆေးခြင်းများ လုပ်ဆောင်နေသည်ဟု ဒေသခံတို့က ဆိုကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၂၉)ရက်တွင် ကိုင်းမြောက်ရွာရှိ အရက်ဆိုင်မှ ဆိုင်ရှင်အပါအဝင် (၁၁)ဦးကို စစ်အုပ်စုက ဖမ်းဆီးခဲ့ရာ အသက် (၂၅)နှစ်အရွယ် ကိုသန်းထွန်းအောင်မှာ ဖမ်းဆီးပြီး လေးနာရီခန့်အကြာ၌ ရိုက်နှက်စစ်ဆေးမှုများကြောင့် သေဆုံးခဲ့ရာ ၎င်း၏ ရုပ်အလောင်းကို ဈေးကုန်းထိပ်တွင် ညအချိန် လာရောက်စွန့်ပစ်ထားခဲ့ကြောင်း ဒေသခံများ ထပ်မံ သိရှိရသည်။
Mandalay Free Press - MFP
No comments:
Post a Comment