မြင်းခြံတွင် ပျူစောထီးဆိုသူများက ဒေသခံတစ်ဦးကို ဖမ်းဆီး သတ်ဖြတ်၊ စကစနှင့် ပျူများ မြင်းခြံနယ်တွင် သောင်းကျန်းနေပြီး လူသတ်၊ လုယက်၊ ဖမ်းဆီးနှိပ်စက်ခြင်းများ လုပ်ဆောင်နေ


ဒီဇင်ဘာ - ၂၈

မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ရွာမှ ဒေသခံ အမျိုးသားတစ်ဦးကို တစ်ရွာတည်းသား စကစနှင့် ပူးပေါင်းနေသော ပျူစောထီးဆိုသူ များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ညှဉ်းပန်းနှိပ်သက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ(၂၅)ရက် ညပိုင်းတွင် မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာမှ ကိုရဲဝင်းဇော် (ခ) ကုလားကို ပျူစောထီးအဖွဲ့ဝင် လေးဦးက ကျေးရွာစာသင်ကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒီဇင်ဘာ(၂၆)ရက်တွင် ၎င်း၏ ရုပ်အလောင်းကို လာရောက်ထုတ်ယူရန် မိသားစုထံ အကြောင်းကြားခဲ့ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)ကလည်း ထုတ်ပြန်သည်။

“ကိုကုလားပါ။ ဘယ်အဖွဲ့အစည်းမှ မပါဝင်ပါဘူး။ ၂၅ ရက် ည(၁၁)နာရီ လာဖမ်းသွားပြီး ၂၆ ရက် မနက်ပိုင်းမှာ သေဆုံးသွားပြီလို့ ကြားပါတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ကိုကုလားသည် အသက်(၄၀)ဝန်းကျင်အရွယ် ဖြစ်ပြီး ၄င်းကို တစ်ရွာတည်းသား အမျိုးသား လေးဦးက ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ကိုကုလားကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သူများသည် အကြမ်ဖက် စစ်ကောင်စီ လက်နက်ကိုင်များနှင့် ပူးပေါင်းနေသော ပျူစောထီးအဖွဲ့ဝင် ဆိုသူများ ဖြစ်သည်ဟု ဆိုသည်။

မြင်းခြံနယ်တွင် အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်များနှင့် ၄င်းတို့က လက်သပ်မွေးထားသော ပျူများ အုပ်စုဖွဲ့ သောင်းကြမ်းနေပြီး ဒီဇင်ဘာ(၁၉)ရက်ကလည်း နယ်ခြားကျေးရွာ ဒေသခံတစ်ဦးဖြစ်သော ဦးစိုးဟိန်း ဆိူသူကို အဆိုပါ အုပ်စုက နေအိမ်ထဲ ဝင်ရောက်ကာ ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြိုနယ်များတွင် အကြမ်းဖက် စကစနှင့် ပျူများက ထင်တိုင်းကျဲ မွှေနှောက် သောင်းကျန်းနေပြီး ကျေးရွာများကို စီးနင်းဝင်ရောက်ကာ လူသတ်၊ ပစ္စည်းလု၊ နေအ်မီးရှို့၊ ဒေသခံများကို ဖမ်းဆီးနှိပ်စက်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းသည့် ဖေဖေါ်ဝါရီ(၁)ရက်မှ ယနေ့ ဒီဇင်ဘာ(၂၈)ရက်အထိ နိုင်ငံတဝန်း စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့် အရပ်သားပြည်သူ (၁၃၈၀) ဦး ရှိကြောင်း ဖော်ပြသည်။ AAPP သည် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်း  လတ်တလောဖြစ်ပေါ်နေသော အခြေအနေများကို နေ့စဉ်မှတ်တမ်းပြုစုကာ ထုတ်ပြန်နေသော အရပ်ဘက်အဖွဲ့အစည်း တစ်ခု ဖြစ်သည်။


Mandalay Free Press - MFP

မြင်းခြံတွင် ပျူစောထီးဆိုသူများက ဒေသခံတစ်ဦးကို ဖမ်းဆီး သတ်ဖြတ်၊ စကစနှင့် ပျူများ မြင်းခြံနယ်တွင် သောင်းကျန်းနေပြီး လူသတ်၊ လုယက်၊ ဖမ်းဆီးနှိပ်စက်ခြင်းများ လုပ်ဆောင်နေ မြင်းခြံတွင် ပျူစောထီးဆိုသူများက ဒေသခံတစ်ဦးကို ဖမ်းဆီး သတ်ဖြတ်၊  စကစနှင့် ပျူများ မြင်းခြံနယ်တွင် သောင်းကျန်းနေပြီး လူသတ်၊ လုယက်၊ ဖမ်းဆီးနှိပ်စက်ခြင်းများ လုပ်ဆောင်နေ Reviewed by THITHTOOLWIN on 01:09 Rating: 5

No comments:

Powered by Blogger.