ခရမ်းမြို့ ရိုးကြီးကျေးရွာ ဒလန်ညီအကိုနှစ်ဦး အပစ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ စစ်တပ်က ရွာခံအပစ်မဲ့ပြည်သူနှစ်ဦးကို ဖမ်းဆီးထား

Khayan Channel (ဒီဇင်ဘာ ၂၇)

ခရမ်းမြို့နယ် ရိုးကြီးကျေးရွာတွင် ယနေ့နေ့လည် ၁၂ နာရီခန့်က ဒလန်မိုးကျော်နှင့် သူ့အကိုဖြစ်သူတို့နှစ်ဦးကို အမည်မသိအဖွဲ့တစ်ခုမှ သေနတ် ၅ ချက်ပစ်ခတ်ခဲ့ပြီး ထိုနှစ်ဦးမှာနေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

 ထိုကိစ္စနှင့်ပတ်သက်၍ အကြမ်းဖက်စစ်တပ်က ယနေ့ညနေ ၃ နာရီခွဲခန့်က ရွာခံအပစ်မဲ့ပြည်သူနှစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

 ထိုအဖမ်းဆီးခံခဲ့ရသည့်ပြည်သူများကို စစ်တပ်က ယနေ့ညနေ ၆ နာရီအချိန်အထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးပါဘူး။

`ဒီနေ့ ရိုးကြီးကျေးရွာ ဒလန်သေဆုံးမှုနှင့်ပတ်သက်ပြီး သန်းဌေးဆိုသူက စစ်ခွေးတွေနဲ့အတူ ရွာသူ/ရွာသားတချို့ကို ဖမ်းဆီးထားပါတယ်၊ ခုလက်ရှိနှစ်ဦးဖမ်းထားတယ်၊ ညနေ ၃ နာရီခွဲထဲက ဖမ်းထားတာ၊ ခုထိပြန်မလွှတ်သေးဘူး။ သန်းဌေးက မိုးကျော်တပည့်၊ အရင်က ဒလန်စာရင်းထဲမှာပါတယ်၊ ရိုးကြီးမှာက မိုးကျော်ပြီးရင် သန်းဌေးပဲ´ ဟုပြည်သူတစ်ဦးက ဆိုသည်။

Khayan Channel

ခရမ်းမြို့ ရိုးကြီးကျေးရွာ ဒလန်ညီအကိုနှစ်ဦး အပစ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ စစ်တပ်က ရွာခံအပစ်မဲ့ပြည်သူနှစ်ဦးကို ဖမ်းဆီးထား ခရမ်းမြို့ ရိုးကြီးကျေးရွာ ဒလန်ညီအကိုနှစ်ဦး အပစ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ စစ်တပ်က ရွာခံအပစ်မဲ့ပြည်သူနှစ်ဦးကို ဖမ်းဆီးထား Reviewed by THITHTOOLWIN on 05:28 Rating: 5

No comments:

Powered by Blogger.