ပန်ကေတုကျေးရွာဥက္ကဌ ပစ်ခတ်ခံရပြီး ဒဏ်ရာရ


ဒီဇင်ဘာ ၁၂ ရက်၊ မိုင်းကိုင်။

ရှမ်းတောင် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု ပန်ကေတုကျေးရွာ ဥက္ကဌဖြစ်သူရဲ့ နေအိမ်မှာ မနေ့ ဒီဇင်ဘာ ၁၁ ရက် ညနေ ၆ နာရီက အမည်မသိလက်နက်ကိုင် လာရောက် ပစ်ခတ်တာကြောင့် ဥက္ကဌဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရသူဟာ ပန်ကေတုကျေးရွာဥက္ကဌ ဦးကြည်သိန်းပဲ ဖြစ်ပါတယ်။

ပန်ကေတုကျေးရွာခံတစ်ဦးက “ညမှောင်ပြီဆိုတော့ ဘယ်သူဘယ်ဝါ ပစ်တာလဲတော့ သေချာမမြင်ရဘူး။ ဥက္ကဌက ပေါင်မှာ ဒဏ်ရာရသွားတယ်။ ဘယ်အဖွဲ့အစည်းလဲဆိုတာ ပြောရခက်တယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

မိုင်းကိုင်မြို့နယ်ထဲမှာ သျှမ်းပြည်တပ်မတော် RCSS နဲ့ SSPP တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသလည်း ဖြစ်ပါတယ်။

ပြီးခဲတဲ့ ဒီဇင်ဘာ ၁၀ ရက်မှာလည်း RCSS နဲ့ SSPP တို့အကြား တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ရှောင် (၆၅၀)ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။


Shwe Phee Myay News Agency 

ပန်ကေတုကျေးရွာဥက္ကဌ ပစ်ခတ်ခံရပြီး ဒဏ်ရာရ ပန်ကေတုကျေးရွာဥက္ကဌ ပစ်ခတ်ခံရပြီး ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:08 Rating: 5

No comments:

Powered by Blogger.