အကြမ်းဖက်စစ်တပ်က နှမ်းခါးရွာသားတစ်ဦးကိုပစ်သတ်ပြီး စပါးကျီထဲထည့်ကာ မီးရှို့ခဲ့

ဓာတ်ပုံ- ဒီဇင်ဘာ၂၉ နှမ်းခါးရွာ စစ်တပ်၏အကြမ်းဖက်မှုများ

ဂန့်ဂေါ ဒီဇင်ဘာ ၃၀

ယမန်နေ့ ဒီဇင်ဘာ၂၉ညက စစ်ကောင်စီတပ်တွေဟာ နှမ်းခါးရွာအတွင်းသို့ ညအိမ်ဝင်ရောက် တပ်စွဲပြီး တန်ဖိုးကြီးပစ္စည်းတွေကို  ခိုးယူဖျက်ဆီးကာ ကြက် ဝက် တွေကိုလည်း ရက်စက်စွာသတ်ဖြတ် စားသောက်သွားကြတယ်လို့ သိရပါတယ်။ 

  စစ်ကောင်စီတပ်တွေဟာ လူမဆန်ရက်စက်စွာဖြင့်  အသက် ၄၅နှစ်အရွယ် အပြည်မဲ့ပြည်သူတစ်ဦးကို သတ်ဖြတ်၍  စပါးတိုက်အတွင်းသို့ အလောင်းကို ထည့်ကာ အစဖျောက် မီးတိုက်သွားတယ်လို့ နှမ်းခါးလူငယ်အဖွဲ့က ဆိုပါတယ်။ 

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ အပြည်မဲ့ပြည်သူ စိတ်ဝေဒနာရှင် စကားမပြောတတ်တဲ့ အသက်(၆၀)အဖိုးတစ်ဦးကိုလည်း ရိုက်နှက်ထားခဲ့ကြပါတယ်။ 

နှမ်းခါးရွာအတွင်း မွှေနှောက်အကြမ်းဖက်ခဲ့တဲ့ စစ်တပ်ဟာ ဂန့်ဂေါ-ကလေးလမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးတာတွေလည်းရှိခဲ့ပါတယ်။ 


Gangaw Youths Voice


အကြမ်းဖက်စစ်တပ်က နှမ်းခါးရွာသားတစ်ဦးကိုပစ်သတ်ပြီး စပါးကျီထဲထည့်ကာ မီးရှို့ခဲ့ အကြမ်းဖက်စစ်တပ်က နှမ်းခါးရွာသားတစ်ဦးကိုပစ်သတ်ပြီး စပါးကျီထဲထည့်ကာ မီးရှို့ခဲ့ Reviewed by THITHTOOLWIN on 01:04 Rating: 5

No comments:

Powered by Blogger.