10 December 2021
ကချင်ပြည်နယ် သယံဇာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ-၅၀၅(ခ)ဖြင့် ယနေ့ထောင်ဒဏ် (၂)နှစ်ချမှတ်လိုက်ကြောင်း သိရသည်။
ဝန်ကြီး ဦးဒါရှီလဆိုင်းသည် ဖေဖော်ဝါရီလ (၉) ရက်နေ့ရက်စွဲဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ လက်အောက်ရှိ ဌာနအသီးသီးမှ ဝန်ထမ်းများအားလုံး အစိုးသစ်ဖွဲ့စည်းပြီးသည်အထိ ရုံးပိတ်ရက် သတ်မှတ်ကြောင်း၊ ဥပဒေမဲ့ အာဏာသိမ်းခြင်းအပေါ် ရဲဝံ့စွာ ဖီဆန်၍ ဆုံးဖြတ်ချက်ပြတ်သားသူ ပြည်သူ့၀န်ထမ်းများအား အလေးအနက်ထား မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်ကို ဝန်ကြီးချုပ်ကိုယ်စားလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးနောက် ဖမ်းဆီးခံရကာ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခံရသူ ဖြစ်သည်။
ဦးဒါရှီလဆိုင်းကို မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်ရှိနေအိမ်မှ ဖေဖော်ဝါရီလ ၉ရက်နေ့တွင် စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
စစ်ကောင်စီသည် ကချင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် အခြားပြည်နယ်ဝန်ကြီးများကိုလည်း ဖမ်းဆီးထိန်းသိမ်းကာ မြစ်ကြီးနားအကျဉ်းထောင်တွင်း တရာရုံး၌ စစ်ဆေးစီရင်နေခြင်း ဖြစ်သည်။
Kachinwaves
No comments:
Post a Comment