ပုသိမ်ကြီး ရှင်တော်ကုန်းရွာ စကစခန့် အုပ်ချုပ်ရေးမှူး အသတ်ခံရ


MFP ၊ ဒီဇင်ဘာ - ၁၁

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမော်စီ ဆိုသူ ယနေ့ ညနေပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးခဲ့ကြောင်း ဒေသခံများက MFP သို့ ပြောသည်။

အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး အသက်(၆၀)ကျော်အရွယ် ဦးမော်စီ ဆိုသူသည် ယနေ့ ဒီဇင်ဘာ(၁၁)ရက် ညနေ(၄)နာရီကျော်အချိန်က သားဖြစ်သူနှင့်အတူ ကျေးရွာ၏ စိုက်မွေးခြံရေမြောင်းဘေး လမ်းခင်းနေစဉ် အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ကာ သေနတ်ဖြင့် ပစ်သတ်သဖြင့် နေရာတွင်ပင် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့၌ စစ်ကောင်စီ သတင်းပေးဒခန်များ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီနှင့် ဆက်စပ်သူများ၊ ရုံးများ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။ တချိန်တည်းမှာပင် စစ်အုပ်စုကလည်း လမ်းသွားလမ်းလာများကို ဖမ်းဆီးစစ်ဆေးခြင်း၊ ကားဖြင့်တိုက်ဖမ်းခြင်း အပါအဝင် ဒေသခံများကို ဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်နေပြီး ၄င်းတို့ဖမ်းမိသူများကို အကြမ်းဖက်သမားအဖြစ် ခေါင်းစဉ်တပ်ကာ အရေးယူမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။

Mandalay Free Press - MFP

ပုသိမ်ကြီး ရှင်တော်ကုန်းရွာ စကစခန့် အုပ်ချုပ်ရေးမှူး အသတ်ခံရ ပုသိမ်ကြီး ရှင်တော်ကုန်းရွာ စကစခန့် အုပ်ချုပ်ရေးမှူး အသတ်ခံရ Reviewed by THITHTOOLWIN on 05:50 Rating: 5

No comments:

Powered by Blogger.