စစ်ကောင်စီသတင်းပေး ဘုရားသူခိုးဂိုဏ်းခေါင်းဆောင် ဒလန်စိန်တုံး ကို ဇေယျာညီနောင်အဖွဲ့မှ အပြီးသတ်သုတ်သင်ရှင်းလင်း


ဒီဇင်ဘာလ ၂၆၊ SGG

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆင်မြေကျေးရွာမှ စစ်ကောင်စီသတင်းပေး ဘုရားခိုးဂိုဏ်းခေါင်းဆောင် ဒလန် စိန်တုံး ခေါ် သိန်းကျော် ကိုအပြီးသတ် သုတ်သင်ရှင်းလင်းမှုအား ယမန်နေ့ ဒီဇင်ဘာလ ၂၅ရက် နေ့က

ဇေယျာညီနောင်အဖွဲ့က ဆိုင်းတောင်အထိလိုက်လံပြီး လတ်စသတ်သုတ်သင်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။

အောင်တိုဘာလ ၁‌၉ရက်နေ့က စစ်ကောင်စီသတင်းပေး ဘုရားသူခိုး ဒလန် စိန်တုံး ခေါ် သိန်းကျော်ကို ပထမအကြိမ်သုတ်သင်ရှင်းလင်းစဉ်က သေဆုံးခြင်းမရှိခဲ့ပဲ စစ်ကောင်စီရဲ့ လုံခြုံရေးပေးမှုနဲ့  စစ်ကိုင်းမြို့မှာရှိတဲ့ ဦးအောင်ကြီးရဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကျောက်စိမ်းရုံးမှာ ပုန်းခိုနေခဲ့တာပါ။

ဖားကန့်မြို့နယ် ဆိုင်းတောင် သို့ ရောက်ရှိနေတယ်လို့သိရတဲ့အတွက် ဇေယျာညီနောင်အဖွဲ့မှ ဆိုင်းတောင်အထိ လိုက်လံအပြီးသတ်သုတ်သင်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။

ဇေယျာညီနောင်အဖွဲ့မှ နိုဝင်ဘာ ၁၆ ရက်နေ့က ဆင်မြေရွာမှ ဒလန်သတင်းပေး သိန်းနိုင်စိုး၊ ဒီဇင်ဘာ ၁၉ရက်နေ့က သလွန်ဖြူရွာမှ ဒလန်သိုက်စိုးဦး (ခ) သိုက်ကြီး နှင့် သိန်းဆန်းဝင်းတို့အား သုတ်သင်ရှင်းလင်းမှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကောင်စီသတင်းပေး ဘုရားသူခိုးဂိုဏ်းခေါင်းဆောင် ဒလန်စိန်တုံး ကို ဇေယျာညီနောင်အဖွဲ့မှ အပြီးသတ်သုတ်သင်ရှင်းလင်း စစ်ကောင်စီသတင်းပေး ဘုရားသူခိုးဂိုဏ်းခေါင်းဆောင် ဒလန်စိန်တုံး ကို ဇေယျာညီနောင်အဖွဲ့မှ အပြီးသတ်သုတ်သင်ရှင်းလင်း Reviewed by THITHTOOLWIN on 22:16 Rating: 5

No comments:

Powered by Blogger.