MFP ၊ ဒီဇင်ဘာ - ၂၇
စစ်ကိုင်းတိုင်း တန့်ဆည်မြို့ အဝိုင်းပတ်တွင် ယနေ့ မနက်ပိုင်းက စစ်ကောင်စီ လက်နက်ကိုင်များကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ လေးဦးသေပြီး လေးဦး ထိခိုက်ဒဏ်ရာရသည်ဟု အတည်ပြုနိုင်ကြောင်း တန့်ဆည် ပြည်သူ့ရဲဘော်အဖွဲ့ က သတင်းထုတ်ပြန်သည်။
“ယနေ့ နေ့နံနက် မိုင်းဆွဲဖြစ်စဉ်တွင် စစ်ခွေး လေးကောင် သေဆုံး၍ လေးကောင် အပြင်းအထန် ဒဏ်ရာရရှိကြောင်း သတင်းအတည်ပြု ရရှိပါသည်” ဟု တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ ဆိုသည်။
ယနေ့ ဒီဇင်ဘာ(၂၇)ရက် နံနက်(၉)နာရီကျော် အချိန်က တန့်ဆည်မြို့လယ် အဝိုင်းပတ်တွင် အလံနက် ထောင်ထားသည်ကို လာဖြုတ်သိမ်းသော စကစများကို မိုင်းဆွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
"တန့်ဆည်အဝိုင်းပတ်သို့ အလံနက် လာဖြုတ်သော စစ်ခွေးများကို တန့်ဆည်ပြည်သူ့ရဲဘော် အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။ စစ်ခွေး ငါးကောင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရကြောင်း ဦးစွာ သတင်းရရှိပါတယ်"ဟု ဟု ၄င်းအဖွဲ့က ထုတ်ပြန်သည်။
တန့်ဆည်မြို့လယ် အဝိုင်းပတ် ဗိုလ်ချုပ်ကြေးရုပ်တွင် ယနေ့ မနက်ပိုင်းအချိန် အလံနက် တင်ထားသည်ကို တွေ့ရပြီး မည်သည့်အဖွဲ့က အလံနက်တင်သည်ကို မသိရသေးကြောင်း၊ အလံနက် တင်သည့် အဓိပ္ပာယ်သည် မသေမချင်း တိုက်ခိုက်မည်ဟု အဓိပ္ပါယ်ရပြီး စစ်ကောင်စီဘက် လုပ်ဆောင်သော လှည့်ကွက်များ ဖြစ်နိုင်သဖြင့် အများပြည်သူနှင့် တော်လှန်ရေးအဖွဲ့များ ဂရုတစိုက် နေထိုင်ကြရန် တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က သတိပေးထားသည်။
Mandalay Free Press - MFP
No comments:
Post a Comment