ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ဓာတ်ပုံ - KNU

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမြမောင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

KNU  ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးကော်စီအဖွဲ့ ၀င် ဦးမြမောင်အား ယနေ့(ဒီဇင်ဘာ ၂၃ရက်)နံနက် ၅နာရီခွဲတွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ဦးမြမောင်သည် နတ်သံကွင်းမြို့အတွင်း လက်ဖက်ရည်ဆိုင်ထဲ၌ ရှိနေစဉ်   အမည်မသိ ၊အဖွဲ့အစည်းမသိ ရသည့် လူနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပြီး   ဦးမြမောင်ကို ပစ်သတ်ခဲ့ရာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဖော်ပြထားသည်။သို့​သော် မည်သည့်အတွက်ကြောင့် ပစ်သတ်ခံရသည်ကိုမူ မသိရသေးဟု ဆိုသည်။

ဦးမြမောင်သည် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ၏ မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် တာဝန်ပေးခြင်းခံရသူဖြစ်ကြောင်း၊ ဦးသိန်းစိန် အစိုးရလက်ထက်၂၀၁၁ ခုနှစ်ကလည်း ပဲခူးတိုင်းအစိုးရမှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခံရသူဖြစ်ပြီး KNUနှင့် အစိုးရအကြား တွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုးစားခဲ့သူများထဲတစ်ဦး အပါအဝင်ဖြစ်သည်ဟု ဆိုသည်။


People's Spring 

ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 22:25 Rating: 5

No comments:

Powered by Blogger.