ရန်ကုန်တွင် မင်း​အောင်လှိုင်ယောက္ခမအိမ်​ရှေ့ ဆန္ဒပြသည့် လူငယ်များကို စစ်ကောင်စီက အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီး

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် ယနေ့(ဒီဇင်ဘာ ၂၅) ညနေပိုင်း၌  ဆန္ဒပြသည့် လူငယ်များကို အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများက အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သပိတ်တွင် ပါဝင်ခဲ့သူအချို့က ပြော သည်။

ယနေ့ ညနေ ၅ နာရီတွင် သမိုင်း ကျိုက်ဝိုင်းဘုရားလမ်းအနီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ယောက္ခမအိမ်ရှေ့တွင် ဆန္ဒပြသည့် လူငယ်များကို စစ်ကောင်စီဝင်တစ်ဦးက အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း လူငယ်တစ်ဦးက ပြောသည်။

" သပိတ်စပြီး ချက်ချင်းပဲ အရပ်ဝတ်နဲ့ ရဲတစ်ယောက် ဝင်ဖမ်းတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ထွက်ပြေးနိုင်ခဲ့တယ်။ တစ်ယောက်မှတော့ အဖမ်းမခံရလိုက်ဘူး။ အကုန်ဘေးကင်းပါတယ် " ဟု ယင်းလူငယ်က ပြောသည်။

ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား စစ်​ကောင်စီတပ်များက အကြမ်းဖက်ဖမ်းဆီးခြင်း၊ သေနတ်ဖြင့် ပစ်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသော်လည်း ပြည်သူများက စစ်အာဏာရှင်ဖြုတ်ချရေး ဆန္ဒထုတ်​ဖော်မှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်​နေဆဲဖြစ်သလို စစ်တပ်ထွက်ကုန်များကိုလည်း သပိတ်​မှောက်​နေကြသည်။

People's Spring 

(ဆန္ဒပြလူငယ်များ ကိုင်ဆောင်ခဲ့သည့် စာတန်းများ၊ ဓာတ်ပုံ - CJ)

ရန်ကုန်တွင် မင်း​အောင်လှိုင်ယောက္ခမအိမ်​ရှေ့ ဆန္ဒပြသည့် လူငယ်များကို စစ်ကောင်စီက အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီး ရန်ကုန်တွင် မင်း​အောင်လှိုင်ယောက္ခမအိမ်​ရှေ့ ဆန္ဒပြသည့် လူငယ်များကို စစ်ကောင်စီက အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီး Reviewed by THITHTOOLWIN on 22:18 Rating: 5

No comments:

Powered by Blogger.