ဂန့်ဂေါမြို့နယ် စန်းမြို့ရွာမှာ စစ်တပ်ကမီးရှို့လို့ လူနေအိမ် ၃၂လုံးပျက်စီး



ဂန့်ဂေါမြို့ပြည်သူများ ဝိုင်းဝန်းကူညီကြရန် လိုအပ်နေ

   ဂန့်ဂေါ ဒီဇင်ဘာ ၂၂                           

ဒီဇင်ဘာလ ၂၁ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ လက်ပါးစေ ပျူစောထီးတွေဟာ စန်းမြို့ကျေးရွာကိုရောက်ရှိလာပြီး မီးရှို့အကြမ်းဖက်ခဲ့လို့ စန်းမြို့ကျေးရွာက လူနေအိမ် ၃၂လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ ၂၈လုံးခန့်ကတော့ လုံးဝပြာကျသွားတယ်လို့လည်း သိရပါတယ်။  နေအိမ်တွေမီးလောင်ဆုံးရှုံးလိုက်ရတဲ့ ပြည်သူတွေအတွက် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က များစွာစိတ်မကောင်းဖြစ်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

 ဆုံးရှုံးထိခိုက်မှုတွေအတွက် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တတ်စွမ်းသရွေ့ကူညီသွားမှာဖြစ်ပြီး ဂန့်ဂေါမြို့နယ်ပြည်သူများနဲ့ နိုင်ငံတစ်ဝှမ်းပြည်သူများကလည်း ဂန့်ဂေါမြို့နယ်အတွင်းထိခိုက်ဆုံးရှုံးမှုများ နဲ့ စစ်ကောင်စီတပ်ကို စွမ်းစွမ်းတမံတွန်းလှန်နေတဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့လည်း နှိုးဆော်ထားပါတယ်။ 

လတ်တလောမှာတော့ အကြမ်းဖက်စစ်ကား ၂၀ ကျော်ဟာ ရေမျက်နီမှာ တပ်စွဲထားပြီး ဂန့်ဂေါမြို့နယ်အတွင်း ဝင်ရောက်လာရင် စစ်ရေးတင်းမာတာတွေ ဖြစ်လာနိုင်ပါတယ်။ 

Gangaw Youths Voice



ဂန့်ဂေါမြို့နယ် စန်းမြို့ရွာမှာ စစ်တပ်ကမီးရှို့လို့ လူနေအိမ် ၃၂လုံးပျက်စီး ဂန့်ဂေါမြို့နယ် စန်းမြို့ရွာမှာ စစ်တပ်ကမီးရှို့လို့ လူနေအိမ် ၃၂လုံးပျက်စီး Reviewed by THITHTOOLWIN on 00:15 Rating: 5

No comments:

Powered by Blogger.