စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီကားကြီး ၁စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှေ့ထွက်မိုင်းဖြင့်တိုက်ခိုက် စကစတပ်သား အများအပြားထိခိုက်
ဒီဇင်ဘာလ ၃၀
စစ်ကိုင်းမြို့နယ်တွင် အင်အားပြည့်လိုက်ပါလာသည့် စစ်ကောင်စီကားကြီး ၁စီးကို ဒီဇင်ဘာလ ၃၀ ရက် မနက် ၈:၄၂နာရီ အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကိုင်းကနေရွှေဘိုဦးတည်ထွက်လာတဲ့ စစ်ကောင်စီကားကြီးကို စစ်ကိုင်း-ရွှေဘို ကားလမ်းမကြီးပေါ် စစ်ကိုင်းမြို့နယ် ချိုင်းကြီးကျေးရွာနှင့် ကျားမင်းကြီးရွာကြားမှာ စစ်ကိုင်းမြို့နယ် ပ.က.ဖ တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
မြို့နယ် ပ.က.ဖ တပ်ဖွဲ့ တာဝန်ရှိသူမှ "ကျနော်တို့ ရှေ့ထွက်မိုင်း ၂လုံး နဲ့တိုက်ခိုက်လိုက်တာ၊ ကားကို တည့်တည့်ထိတယ်၊ ကားကထိုးရပ်သွားတယ်၊ စခတွေ ကားပေါ်ကမဆင်းရဲဘူး၊ ကားကြမ်းပြင်မှာ ပြားနေအောင်ဝပ်နေကြတာ မြင်မကောင်းဘူး၊ စခတပ်သားတွေအထိအခိုက်ရှိတယ်ဗျ" လို့ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီး သိပ်မကြာခင်မှာပဲ မာလဲတောဘက်ကနေ Double Cup တစီးနဲ့တောနင်းတဲ့အဖွဲ့ရောက်လာပြီး မိုင်းဆွဲကွင်းတဝှိက်တောနင်းခဲ့ပြီး ရမ်းသမ်းပစ်ခတ် အသံပေးကြတယ်လို့သိရပါတယ်။
မိုင်းထိမှန် ဒဏ်ရရခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို နံနက် ၁၀:၃၀နာရီအချိန်မှာ လူနာတင်ကားနဲ့ သယ်သွားပါတယ်။
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
No comments:
Post a Comment