ဖားကန့်တွင် မြေစာပုံထပ်မံပြိုကျမှုကြောင့် ရေမဆေးသမား ၈၀ ဦးထက်မနည်း သေဆုံးနိုင်

ဖားကန့်၊ လုံးခင်းအုပ်စု၊ မှော်စီစာအပိုင်းဘက်တွင် ယနေ့ နံနက်ပိုင်း ၃နာရီဝန်းကျင်ခန့်တွင် မြေစာပုံပြိုကျမှုထပ်မံဖြစ်ပွားခဲ့သောကြောင့် ရေမဆေးသမားများ ၈၀ ဝန်းကျင်ခန့် သေဆုံးနိုင်ကြောင်းသတင်းရရှိပါသည်။

သာယာကုန်းနှင့် အောင်သာယာ (၂)ကြားရှိ စိန်စိန်ကုမ္ပဏီလုပ်ကွက်ဟောင်းနေရာတွင် ပေ ၁၀၀ ကျော်ခန့်ရှိသည့် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့သည်ဟု ဖားကန့် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောခဲ့သည်။

"ဖြစ်ပွားခဲ့တာက မနက်ပိုင်း ၃နာရီလောက်မှာဖြစ်မယ်။ အောင်သာယာ (၂)အနီးမှာရှိတဲ့လုပ်ကွက် ဟောင်းနေရာဖြစ်သွားတယ်။ အခုသိရသလောက်က ရေမဆေးသမားတွေက အောက်မှာ ကျောက်ရှာနေကြတာတဲ့အချိန် အပေါ်ကနေမြေပြိုကျလာတယ်လို့ပြောကြတယ်။ မြေပြိုတဲ့နေရာမှာလွတ်လာသူတစ်ချို့ ပြောဆိုအရဆို ၈၀ လောက်ပါနိုင်တယ်လို့ ပြောကြတယ်။ အခုချိန်အထိ အတိကျတော့ ဘယ်သူမှ မသိရသေးဘူး"ဟုပြောဆိုသည်။

မြေစာပုံပြိုကျမှုတွင် ပါသွားသည့် ရေမဆေးသမားများကို ရှာဖွေရန်အတွက် လူမှုကူညီရေး ကယ်ဆယ်ရေးသမားများအဖွဲ့က ပြင်ဆင်နေကြနေသည်ဟု သူကဆက်ဆိုသည်။

ဖားကန့်တွင် ဒီဇင်ဘာလ ၁၉ရက်နေ့ နံနက်ပိုင်းကလည်း ဆိပ်မူအုပ်စု ဆိုင်းဂျာဘွမ့်ကျေးရွာတွင် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့သောကြောင့် လူ ၅ဦးသေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

Kachin News Group 

ဖားကန့်တွင် မြေစာပုံထပ်မံပြိုကျမှုကြောင့် ရေမဆေးသမား ၈၀ ဦးထက်မနည်း သေဆုံးနိုင် ဖားကန့်တွင် မြေစာပုံထပ်မံပြိုကျမှုကြောင့် ရေမဆေးသမား ၈၀ ဦးထက်မနည်း သေဆုံးနိုင် Reviewed by THITHTOOLWIN on 08:56 Rating: 5

No comments:

Powered by Blogger.