စမ်းချောင်းမှာ စစ်တပ်သတင်းပေး ဆယ်အိမ်မှုးအမျိုသမီးတဦး သေနတ်နဲ့ပစ်သတ်ခံရ


ဒီဇင်ဘာလ ၂၉ ရက်နေ့၊ ၂၀၂၁

စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက စစ်တပ်သတင်းအမျိုးသမီးတဦးသေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီကနေ့ နေ့လယ် ၂ နာရီခွဲက သီရိခေမာရပ်ကွက် သီရိလမ်းရှိ သူရဲ့နေအိမ်ရှေမှာဖုန်းပြောနေစဉ် သေနတ်သမားတွေက ပစ်ခတ်သွားတာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးပြောပါတယ်။

"သူကြောင့် ရပ်ကွက်က တက်ကြွလှုပ်ရှားသူတွေ အဖမ်းခံရတာမနည်းဘူး။ မိန်းခလေးဆိုတော့ ဒလန်မှန်းမသိသာဘူးလေ။ အလကားနေဘယ်သူကသေနတ်နဲ့ပစ်မလဲ"လို့ ရပ်ကွက်နေသူတဦး က ပြောပါတယ်။

သေဆုံးသူမှာ စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးက ဆယ်အိမ်မှုးဒေါ်မေသူအောင်ဖြစ်ပြီး ဝဲနားထင်၊ ရင်ညွှန့်၊ ဝဲတံတောင်ဆစ်ကျည်ထိမှန်ဒဏ်ရာသုံးချက်နဲ့သေဆုံးခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီကနေ့ပစ်ခတ်မှုဖြစ်ပွားရာ လမ်းမှာပင် ပြီးခဲ့တဲ့လတွေက စစ်တပ်ကိုသတင်းပေးနေတဲ့သူအချို့ကြောင့် လူငယ်အများစုလက်နက်မျိုးစုံ၊ ဗုံးတွေ၊ ကျည်တွေနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပါသေးတယ်။

အလားတူပင် သြဂုတ်လအတွင်းက သီရီခေမာရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးဗုံးပေါက်ပြီးနောက်မှာ ရပ်ကွက်နေသူအချို့ကို စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးခဲ့ပါသေးတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စမ်ချောင်းမြို့နယ်မှာ အုပ်ချုပ်ရေးဌာနတွေမှာ ဗုံးပေါက်ခဲ့တာတွေ နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် စစ်တပ်မှ ဗိုလ်မှုးဆင့်ရှိသူအပါအဝင် တပ်သားတွေနဲ့ရဲတွေ သတင်းပေးဒလန်တွေ သေဆုံးခဲ့ပါသေးတယ်။

စမ်းချောင်းမြို့နယ်မှာ ဒီကနေ့သေနတ်ပစ်တ်မှုဖြစ်ခဲ့သလို အင်းစိန်ရွာမရဲစခန်းလက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီး ရန်ကုန်မြို့လယ်ကောင်က မြန်မာ့စီးပွရေးဘဏ်ရှေ့မှာ ဗုံးပေါက်ခဲ့လို့ ဒဏ်ရာရရှိသူတွေလည်းရှိပါတယ်။

Salween Press

စမ်းချောင်းမှာ စစ်တပ်သတင်းပေး ဆယ်အိမ်မှုးအမျိုသမီးတဦး သေနတ်နဲ့ပစ်သတ်ခံရ စမ်းချောင်းမှာ စစ်တပ်သတင်းပေး ဆယ်အိမ်မှုးအမျိုသမီးတဦး သေနတ်နဲ့ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 07:08 Rating: 5

No comments:

Powered by Blogger.