ပြည်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ငှားရမ်းနေထိုင်ခဲ့သောအိမ် ချိတ်ပိတ်ခံရ


ဒီဇင်ဘာ ၂၃၊ ၂၀၂၁။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ငှားရမ်းနေထိုင်ခဲ့ရာ နေအိမ်ကို စစ်ကောင်စီ က ချိတ်ပိတ်သွားကြောင်း သိရသည်။

ယင်းနေအိမ်မှာ ပြည်မြို့၊ စက်မှုကွက်သစ်၊ ကနောင်မင်းသားကြီးလမ်းပေါ်ရှိ နေအိမ်ဖြစ်ပြီး နေအိမ်အပိုင် မဟုတ်ဘဲ ငှားရမ်းနေထိုင်ခဲ့ရာ အိမ်ဖြစ်ကြောင်း ချိတ်ပိတ်ခြင်းမပြုမီ နေအိမ်အတွင်း မကြာခဏဝင်ရောက် ရှာဖွေခြင်း၊ အသုံးအဆောင်ပစ္စည်းများကို ယူဆောင်သွားခြင်းများပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများကဆိုသည်။

"ချိတ်ပိတ်တဲ့နေ့ကိုတော့အတိအကျမသိရဘူး။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကလို့သိရတယ်။ ဒီရက်ထဲကြမှ မိတ်ဆွေတယောက်ဆီက သိရတာ ကျနော်တဦးခံစားချက်ထွေထွေထူးထူးမရှိဘူး သူတို့ဘက်က ယုတ်မာမယ် လူ့အခွင့်ရေးကိုချိုးဖောက်မယ် ကိုယ်အာဏာတည်မြဲရေးအတွက် ဘမဆိုလုပ်မယ်ဆိုတာ သိပြီးဖြစ်တယ်" ဟု  လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောသည်။

ဆက်လက်ပြီး "ကျနော်တို့ဆုံးရှုံးနစ်နာတာတွေက စစ်ကိုင်းဘက်မှာ မီးရှို့ခံနေရတာ ထန်တလန်မှာမြို့လုံးကျွတ်မီးရှို့ခံနေရာတွေ  အသက်ပေးခဲ့ရတဲ့ရဲဘော်ရဲဘက်တွေ စစ်ကြောရေးမှာ လူမဆန်စွာနှိပ်စက်ခံနေရတဲ့ ပြည်သူတွေ သူတို့ရင်ထဲကခံစားနေရတဲ့ ဒုက္ခ နာကျင်မှုတွေနဲ့ယှဥ်ရင် ကျနော့ဒုက္ခကဘာမှမဟုတ်ပါဘူး ဒီလိုမျိုးနည်းမျိုးစုံချိုးဖောက်မှုတွေကို ကျော်လွန်အောင်မြင်နိုင်ဖို့ဆိုရင် တော်လှန်ရေးကို ဆုံးခမ်း‌တိုင်အောင် လုပ်မှရမယ် အဲတွက်ကျနော်တို့ကတော့ တော်လှန်ရေးကို ဆုံးခန်းတိုင်အောင် မဆုတ်မနစ်လုပ်ဆောင်သွားမှာဖြစ်ပါတယ် " ဟု ၎င်းကဆက်လက်ပြောသည်.

အလားတူ ယခင်နှစ်အတန်ကြာက ငှားရမ်းနေထိုင်ခဲ့ဘူးသော နေအိမ်ကိုလည်း မကြာခဏ မှားယွင်းလာရောက်မေးမြန်းမှုများပြုလုပ်ကြောင်း မြို့ခံများကပြောသည်။

ဦးကျော်ဇေယျ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် တကြိမ်၊ ၂၀၂၀ ရွေးကောက်ပွဲတွင် တကြိမ် ၂ ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့သော တိုင်းဒေသေကြီးလွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ 


မြေလတ်အသံ - Myaelatt Athan

ပြည်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ငှားရမ်းနေထိုင်ခဲ့သောအိမ် ချိတ်ပိတ်ခံရ ပြည်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ငှားရမ်းနေထိုင်ခဲ့သောအိမ် ချိတ်ပိတ်ခံရ Reviewed by THITHTOOLWIN on 22:55 Rating: 5

No comments:

Powered by Blogger.