ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲနှင့် အကျိုးတူပူးပေါင်း ခိုး၊ ဆိုး၊ လုယက်၊ ဓါးပြတိုက်နေသူ ၂ဦးအား ဖောင်းဒိုင်း ဖောင်းဒိုင်း အဖွဲ့မှ အရေးယူ


ဒီဇင်ဘာလ ၂၊ SGG

ဝက်လက်မြို့နယ်တွင် အများပြည်သူပိုင် ပစ္စည်းများ၊ ဆိုင်ကယ်များအား ခိုးယူခြင်း၊ ဓားပြတိုက်ခြင်းနှင့် အခြားရာဇဝတ်မှုများ ကျူးလွန်ခဲ့သော အောင်မျိုးဦး(လှတောရွာ ဇာတိ)နှင့် သန်းနိုင်ဦး(ခေါ်) မောင်မျိုး(အုန်းပေါက်ရွာ ဇာတိ) တို့အား ဒီဇင်ဘာလ ၁ရက်နေ့၊ ည ၁၀ နာရီအချိန်တွင် ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း အဖွဲ့မှ ရှင်းလင်း အရေးယူခဲ့တယ်လို့သိရပါတယ်။

စစ်ယူနီဖောင်းဝတ်စုံ၊ ဓါးမြောင်တလက်၊ သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်‌ကောင်စီတပ်ဖွဲ့နှင့် အကျိုးတူပူးပေါင်း၍ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

၎င်းတို့ နှစ်ဦးကို တနေရာစီ ဖမ်းမိခဲ့ဝာာဖြစ်ပြီး စစ်ဆေးမေးမြန်းချက်အရ တဖွဲ့ထဲ ဖြစ်နေတယ်လို့ သိရပါတယ်။ သူတို့မှတဆင့် အဖွဲ့သားများကိုသိရှိရပြီး ဆက်လက်လုပ်ဆောင်နေပါက အကုန်လုံးကို အဆုံးသက် ရှင်းလင်းသွားမယ်လို့ ဖောင်းဒိုင်း ဖောင်းဒိုင်းက သတိပေးထားပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲနှင့် အကျိုးတူပူးပေါင်း ခိုး၊ ဆိုး၊ လုယက်၊ ဓါးပြတိုက်နေသူ ၂ဦးအား ဖောင်းဒိုင်း ဖောင်းဒိုင်း အဖွဲ့မှ အရေးယူ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲနှင့် အကျိုးတူပူးပေါင်း ခိုး၊ ဆိုး၊ လုယက်၊ ဓါးပြတိုက်နေသူ ၂ဦးအား ဖောင်းဒိုင်း ဖောင်းဒိုင်း အဖွဲ့မှ အရေးယူ Reviewed by THITHTOOLWIN on 17:13 Rating: 5

No comments:

Powered by Blogger.