သထုံ၊ ဒီဇင်ဘာ ၂၈
သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့အနီး ရန်ကုန်-မော်လမြိုင်ကားလမ်း ပေါ်မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဘဏ်ငွေသယ်ကားတစ်စီး ဓါးပြ တိုက်ခံရပြီး ကျပ်သိန်း ၈၀၀ ကျော်ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ နေ့လည် ၁ နာရီခန့်မှာ သထုံ MAB ဘဏ်က ငွေသယ် ပရိုဘောက်ကားကို အမည်မသိ လက်နက်ကိုင် လူတစ်စုက ဓါးပြတိုက်သွားတာဖြစ်ပါတယ်။
"ကားက ဘဏ်ကနေ ဆီဆိုင်တွေမှာ ငွေလိုက်သိမ်းတဲ့ကားလို့ သိရတယ်။ ငွေလိုက်သိမ်းပြီး အပြန်မှာ ဓါးပြ
တိုက်ခံရတာ။ ကားပေါ်ကနေ ဝန်ထမ်းတွေကို မောင်းချပြီး ကားကော အကုန်ယူသွားတာ''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဘဏ်ငွေသယ်ကား ဓါးပြတိုက်ခံရတာကြောင့် ကားပေါ်ပါ ငွေကျပ်သိန်းပေါင်း ၈၀၀ ကျော်၊ ဝန်ထမ်းတွေရဲ့ ဖုန်းတွေနဲ့ ကားကိုပါ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
ဘဏ်ငွေသယ်ကား ဓါးပြတိုက်ခံရတာနဲ့ပတ်သက်ပြီး ကားပေါ်လိုက်ပါသွားတဲ့ ဝန်ထမ်းတွေပါ စစ်ဆေးမေးမြန်းခံနေရတယ်လို့ သိရပါတယ်။
သတင်း - သံလွင်တိုင်းမ် / Than Lwin Times
No comments:
Post a Comment