စစ်ကိုင်းတိုင်း၊ ကလေးမြို့လေဆိပ်ကို မနက်ဖြန် ဒီဇင်ဘာ ၆ ရက်ကစပြီး စစ်ကောင်စီဘက်က လုံခြုံရေးအကြောင်းပြကာ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။
ကလေးမြို့ကနေ ပြည်မဘက်သွားရာလမ်းဖြစ်တဲ့ ယောနယ်တဝိုက်မှာတိုက်ပွဲပြင်းထန်တာကြောင့် ခရီးသွားပြည်သူတွေဟာ လေယာဉ်ကိုပဲ အသုံးပြုလာကြပါတယ်။
ကလေး-ကလေးဝ- မုံရွာလမ်းဟာလည်း မြေနီလမ်းသာဖြစ်လို့ ခရီးကြမ်းကာ တခါတလေလမ်းမှာ ၃,၄ ညလောက်အိပ်လေ့ရှိတာကြောင့်ရယ်၊ ကားခဈေးမြင့်တာကြောင့် လိုက်ပါသူနည်းပါတယ်။
ကလေးမြို့ လေဆိပ်ဟာ ကလေး ကဘော်ဒေသ၊ ချင်းပြည်နယ်မြောက်ဘက်ပြည်သူအတွက် ပြည်မဘက်သွားတဲ့ အဓိကထွက်ပေါက်၊ ဝင်ပေါက်ဖြစ်ပါတယ်။
ဒါပြင့် ခရစ်စမတ်ရာသီဖြစ်တဲ့တွက် ခရီးသွားပြည်သူများပြားတဲ့ကာလလည်းဖြစ်တယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကလေးမြို့လေဆိပ်ဟာ ကိုဗစ်ကြောင့်ပိတ်ထားရပြီး အောက်တိုဘာ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
Zalen
မနက်ဖြန်ကစပြီး ကလေးလေဆိပ်ကို စကစဘက်က ရက်အကန့်အသတ်မရှိပိတ်
Reviewed by THITHTOOLWIN
on
21:20
Rating:
No comments:
Post a Comment