စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲခံရလို့ ရထားခေါင်းပိုင်းပျက်စီးသွားပြီး၊ ၅ဦး ဒဏ်ရာပြင်းထန်

ပခုက္ကူ ၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၁။

ပခုက္ကူမှာ ဒီဇင်ဘာ၂၁ရက် ဒီနေ့မနက် ၈နာရီလောက်က စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲခံရလို့ ရထားခေါင်းပိုင်းပျက်စီးသွားပြီး တပ်သား  ၅ဦးထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့   Myit Chay-Kyun Chaung Defense Force MC- KCDFဆီကသိရပါတယ်။ 

ပခုက္ကူမြို့ကနေ ကျွန်းချောင်းဘက်ကိုလာတဲ့  စစ်ကောင်စီထောက်ပို့ရထားကို ပခုက္ကူမြို့နယ်၊ နန်းတော်ရပ်ကျေးရွာနဲ့ ထန်းပင်ကိုင်းကျေးရွာကြားမှာ မိုင်း၄လုံးဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ MC-KCDF ရဲ့တာဝန်ရှိသူက ပြောပါတယ်။ 

“မိုင်း ၄လုံးဆွဲပြီးတိုက်ခိုက်ခဲ့တာပါ။ ရထားပေါ်မှာလုံခြုံရေးယူတဲ့ စစ်ကောင်စီအဖွဲ့ဝင် ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိပါတယ်၊ “ လို့သူကပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကိုMC- KCDF နဲ့ ပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ့ - PPDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ရထားခေါင်းပိုင်းပျက်စီးသွားကာ သေဆုံးသူရှိမရှိကိုတော့မြေလတ်အသံကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ 

MC- KCDF အနေနဲ့  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ရက်မနက် ၈နာရီလောက်ကလည်း  ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ တန့်ကြည့်တောင် အသွားလမ်းမှာ အင်အား ၃၀ကျော်ပါတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ တပ်သား ၇ဦးသေဆုံးပြီး ၁၀ဦးထပ်မနည်း ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

မြေလတ်အသံ - Myaelatt Athan 

စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲခံရလို့ ရထားခေါင်းပိုင်းပျက်စီးသွားပြီး၊ ၅ဦး ဒဏ်ရာပြင်းထန် စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲခံရလို့ ရထားခေါင်းပိုင်းပျက်စီးသွားပြီး၊ ၅ဦး ဒဏ်ရာပြင်းထန် Reviewed by THITHTOOLWIN on 09:04 Rating: 5

No comments:

Powered by Blogger.