နတ်မောက်မှာ လိုင်းကြေးကောက်ပြန်လာတဲ့ နယ်ထိန်း သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးနိုင်ခြေမျာ

ဓါတ်ပုံ- သေနတ်နဲ့ ပစ်ခံလိုက်ရတဲ့ နယ်ထိန်း မိုးဝေ

နတ်မောက်၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၁။

နတ်မောက်မြို့နယ် ၊ရွှေပန်းတေးကြေးကောက်ပြီး ပြန်လာတဲ့ လမ်းပေါ်မှာ သေနတ်နဲ့ ပစ်ခဲ့တာလို့ ငါးပြေမပြောက်ကျားတပ်ရဲ့ တာဝန်ခံ ဗိုလ် ရေနဂါးက ပြောပါတယ်။

"လိုင်းကြေးကောက်ပြီး ပြန်လာတာကို ကျနော်တို့က သတင်းရတာ၊သတင်းရရခြင်း သွားဆော်တာဖြစ်တဲ့အတွက် သေခြာစီစဉ်ပြီးမလုပ်ရတာဖြစ်တဲ့အတွက် အဲဒီနေရာမှာတင်အပြတ်မရှင်းနိုင်လိုက်တာ၊စခန်းနဲ့လည်း အရမ်းနီးနေလို့ပါ" လို့ ပြောပါတယ်။

ဒီနေ့ ညနေ ၄နာရီလောက်က ဆိုင်ကယ်မောင်းပြီး ပြန်လာတဲ့ နယ်ထိန်းကို ငါးပြေပြောက်ကျားတပ်ရဲ့ တပ်စိပ် ၃ ရဲဘော်တွေက သေနတ်နဲ့ ၃ချက်ပစ်ခဲ့တာ ၁ချက်ကတော့ သေချာထိခဲ့တယ်လို့ ပြောပါတယ်။

" ၁ချက်ကတော့ ထိထိမိမိ ထိပြီး မကွေးဆေးရုံကြီးကို ရောက်သွားတယ်၊ သေဖို့များပါတယ်" လို့ ဗိုလ်ရေနဂါးက ပြောပါတယ်။

ပစ်ခံလိုက်ရတဲ့ နယ်ထိန်းဟာ မကွေးဆေးရုံက ကုသဖို့ မနိုင်လို့ နေပြည်တော် ဆေးရုံကြီးကို ခေါ်သွားပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

နတ်မောက်မှာ လိုင်းကြေးကောက်ပြန်လာတဲ့ နယ်ထိန်း သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးနိုင်ခြေမျာ နတ်မောက်မှာ လိုင်းကြေးကောက်ပြန်လာတဲ့ နယ်ထိန်း သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးနိုင်ခြေမျာ Reviewed by THITHTOOLWIN on 01:15 Rating: 5

No comments:

Powered by Blogger.